နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် လဟယ်၊ လေရှီးနှင့်ထန်ပါကွေမြို့များအတွင်း ယနေ့ အောက်တိုဘာ (၄)ရက် မွန်းလွဲပိုင်းအချိန်အထိ မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
နာဂဒေသအများစုတွင် မိုးရွာသွန်းမှုများရှိနေပြီး၊ နေရာကွက်ပြီး မိုးကြီးသည့် နေရာများရှိနေသလို တချို့မြို့ရွာများတွင် ပုံမှန်မိုးရွာသွန်းနှုန်းထက် မပိုကြောင်း သိရသည်။
ယနေ့ မိုးရွာသွန်းမှုအခြေအနေအရ လဟယ်မြို့တွင် မိုးအလွန်ကြီးသည့် အခြေအနေမရှိဘဲ၊ ထန်ပါကွေမြို့တဝိုက် ကျေးရွာတချို့တွင် မိုးအနည်းငယ်ကြီးနေကာ စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။
အလားတူ လေရှီးမြို့နှင့် အနီးဝန်းကျင်တွင်လည်း မိုးရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နေပြီး မွန်းလွဲပိုင်းအချိန်အထိ စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။
“မိုးက ရွာလိုက်တိတ်လိုက်ပါ။ အခုထိတော့ မြေပြိုတာတို့ ရေကြီးတာတို့တော့မကြားရသေးဘူးလို့ပြောတယ်။” ဟု လဟယ်မြို့ ဒေသခံတစ်ဦးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
နာဂဒေသအတွင်း အောက်တိုဘာ (၂)ရက် ညနေပိုင်းမှစတင်၍ မိုးရွာသွန်းနေခြင်းဖြစ်ပြီး၊ နာဂဒေသများအတွင်း မိုးအလွန်များ (HEAVY RAINFALL ) ရွာသွန်းနိုင်ကြောင်းနှင့် အဆိုပါဒေသအတွင်း လုပ်ငန်းများ၊ လူနေအိမ်အဆောက်အဦးများ ကယ်ဆယ်ရွှေ့ပြောင်းရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
