မန်ယူဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်သည် လက်ရှိအသင်းနည်းပြ တန်ဟက်ဂ်၏နေရာတွင် ဂျူဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီအား အစားထိုးခန့်အပ်ရန် အလိုရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။
မန်ယူအသင်းသည် စက်တင်ဘာ (၂၉) ရက်တွင် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်$ အိမ်ကွင်းတွင် စပါးအသင်းကို (၀-၃) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
ယင်းရှုံးပွဲကြောင့် မန်ယူနည်းပြ တန်ဟက်ဂ်၏အနာဂတ်မှာ လှုပ်ခတ်လာခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် ရာထူးမှအစောဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် ရေပန်းစားနေသည်။
အီတလီနာမည်ကျော်အားကစားသတင်းစာ La Gazzetta dello Sport ၏ဖော်ပြချက်အရ မန်ယူတာဝန်ရှိသူများသည် နည်းပြ တန်ဟက်ဂ်အား နောက်ထပ် (၂) ပွဲသာ အချိန်ပေးရန် ဆန္ဒရှိနေပြီး ယင်း (၂) ပွဲသာ ရလဒ်မကောင်းပါက ၎င်းင်း၏နေရာတွင် အစားထိုးရန် နည်းပြများကိုပင် ရှာဖွေနေပြီဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် တန်ဟက်ဂ်၏နေရာတွင်အ စားထိုးရန်အတွက် ထိပ်တန်းနည်းပြများကို ဆက်သွယ်နေပြီး ယင်းထဲတွင် အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီနှင့် ချယ်လ်ဆီးနည်းပြဟောင်း တူဟယ်လ်တို့ ပါဝင်နေကြောင်း သိရသည်။
သို့သော် မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန်ကမူ တန်ဟက်ဂ်၏နေရာတွင် ဂျူဗင်တပ်စ်အသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် အီတလီလူမျိုးနည်းပြ အယ်လီဂရီကို အစားထိုးခန့်အပ်ရန်အလိုရှိနေကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
