လေဗာကူဆင် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၀၀ နာရီ)
လေဗာကူဆင်အသင်းအဖို့ အခက်အခဲမရှိနိုင်တဲ့ ပွဲတစ်ပွဲပါပဲ။ ဟော်စတိုင်ကီလ်ကတော့ အခုပုံစံအတိုင်းဆိုရင်လာရာ လမ်းဖြစ်တဲ့ ဘွန်ဒစ်လီဂါ-၂ ပြန်ရဖို့များနေတယ်။ လေဗာကူဆင်ကိုပဲ ရွေးချယ်ချင်တယ်။
၀ါဒါဘရီမင် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၀၀ နာရီ)
၀ါဒါဘရီမင်အသင်း အိမ်ကွင်းနိုင်ပွဲ မရသေးပေမဲ့ ဒေါ့မွန်၊ ဘိုင်ယန်တို့နဲ့ ကစားခဲ့ရတာကို သတိပြုရမယ်။ ဒီပွဲတော့ ၀ါဒါဘရီမင် အနိုင်နဲ့ သရေပါပဲ။
အူန်ယွန်းဘာလင် - ဒေါ့မွန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၀၀ နာရီ)
ဒေါ့မွန်အသင်းက ဒီရာသီ ဘွန်ဒစ်လီဂါအဝေးကွင်း (၂)ပွဲစလုံး နိုင်ပွဲမရခဲ့ဘဲ နောက်ဆုံး(၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတယ်။ အူန်ယွန်းဘာလင်ကတော့ ဒီရာသီ အိမ်ကွင်း (၂)ပွဲစလုံး အနိုင်ကစားထားတာ တွေ့ရတယ်။ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု (၇)ပွဲမှာ ဒေါ့မွန်အသင်းက (၆)ပွဲအထိ အနိုင်ကစားထားခဲ့တာဖြစ်တယ်။ ဒီတစ်ပွဲတော့ ဒေါ့မွန် မနိုင်လောက်ဘူး။
ဘိုဟုမ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၀၀ နာရီ)
ဘိုဟုမ်အသင်း နိုင်ပွဲမရသေးသလို၊ ဝုလ်ဖ်ဘတ်ကလည်း ပွဲကျပ်တွေကြားမှာ ရလဒ်တွေဆိုးနေတယ်။ ဘိုဟုမ်နဲ့ စွန့်စားတာ ပိုကောင်းမယ်ထင်တယ်။
ဆန့်ပေါ်လီ - မိန့်ဇ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၁၁:၀၀ နာရီ)
ဖရိုင်းဘတ်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဆန့်ပေါ်လီရဲ့စွမ်းဆောင်ရည်က အံ့အားသင့်စရာပါပဲ။ ဒါပေမဲ့ ဆန့်ပေါ်လီ နိုင်ပွဲဆက်ဖို့တော့ မဖြစ်နိုင်လောက်ဘူး။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
