အူဒီနီးစ် - လက်ချီ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၇:၃၀ နာရီ)
ရာသီအစ ပုံစံကောင်းတွေပြနိုင်ခဲ့တဲ့ အူဒီးနီးစ်က နောက်ဆုံး (၂)ပွဲမှာ ရိုးမားနဲ့ အင်တာမီလန်တို့ကို ရှုံးခဲ့တယ်။ လက်ချီက အဝေးကွင်းအားနည်းပြီး ဒီရာသီစီးရီးအေအဝေးဂိုးလည်း မရသေးဘူး။ အူဒီးနီးစ်ကို ကြိုက်တယ်။
အတ္တလန်တာ - ဂျီနိုအာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၁၀:၃၀ နာရီ)
အတ္တလန်တာက ဘိုလော့ဂ်နာ၊ ကိုမိုတို့နဲ့ကစားတဲ့ပွဲမှာ နိုင်ပွဲပျောက်ခဲ့တယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ကစားထားရတာကြောင့်လည်း ပွဲပန်းနေနိုင်တယ်။ ဂျီနိုအာကလည်း စီးရီးအေ နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ အတ္တလန်တာ ကပ်နိုင်ဖို့များတယ်။
အင်တာမီလန် - တိုရီနို (မြန်မာစံတော်ချိန် အောက်တိုဘာလ ၆ ရက် နံနက် ၁:၁၅ နာရီ)
ဒီရာသီ အင်တာမီလန်ရဲ့ ကစားပုံက အားကောင်းနေဆဲ ဖြစ်ပေမဲ့ ရလဒ်ပိုင်းကတော့ အတိမ်းအစောင်းဖြစ်လာတယ်။ မွန်ဇာ၊ အေစီမီလန်တို့နဲ့ကစားတဲ့ (၂)ပွဲမှာ အင်တာမီလန်အသင်း (၁)မှတ်ပဲ ရခဲ့တယ်။ တိုရီနိုကလည်း လာဇီယိုနဲ့ကစားတဲ့ နောက်ဆုံးပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့တယ်။ ဒါ့အပြင် ဒီ(၂)သင်းနောက်ပိုင်းတွေ့ဆုံမှုတွေကို ကြည့်ရင်လည်း အင်တာမီလန်က အပြတ်အသတ်အသာရထားတယ်။ အင်တာမီလန်အသင်း အနိုင်သေချာတယ်။ (၂-၀၊ ၃-၀) ရလဒ်တွေဖြစ်နိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
