■ လာလီဂါပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်
လီဟာနက်စ် - ဗလင်စီယာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် နံနက် ၁:၃၀ နာရီ)
ဗလင်စီယာရဲ့အဝေးကွင်းကစားပုံက အတော်လေးကို လျော့နေသေးတယ်။ လီဟာနက်စ်ကလည်း အိမ်ကွင်းအားနဲ့ အတတ်နိုင်ဆုံးထိန်းကစားနေတဲ့အသင်းဖြစ်လို့ ဒီအဝေးကွင်းပွဲလည်း ဗလင်စီယာတို့ နိုင်ဖို့မလွယ်သေးဘူး။ ဗလင်စီယာတို့ ဒီရာသီမှာ ခံစစ်ရော၊ တိုက်စစ်ပါအားနည်းနေပြီး ပွဲစဉ်တွေတစ်ပွဲပြီးတစ် ပွဲပြီးဆုံးခဲ့ပေမယ့် လက်ရှိအချိန်ထိ ရုန်းကန်နေရဆဲပါ။ လီဟာနက်စ်နဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။
■ စီးရီးအေပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်
နာပိုလီ - ကိုမို (မြန်မာစံတော်ချိန် အောက်တိုဘာလ ၄ ရက် ည ၁၁:၀၀ နာရီ)
နည်းပြ ကွန်တီရဲ့ နာပိုလီက တစ်ပွဲထက်တစ်ပွဲ ပိုကောင်းတဲ့ပုံစံကို ပြလာတယ်။ အိုဆင်မန်မရှိတော့ပေမဲ့ လူကာကူက အားထားရတယ်။ မွန်ဇာနဲ့ကစားခဲ့တဲ့ နောက်ဆုံးပွဲမှာဆိုရင်လည်း လူကာကူအနေနဲ့ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ပြိုင်ဘက်နောက်ခံကစားသမားတွေကို အတော်လေး ဒုက္ခပေးနိုင်ခဲ့တယ်။ ကိုမိုကလည်း အတ္တလန်တာကိုတောင် အဝေးကွင်းမှာ အနိုင်ကစားခဲ့တာပါ။ ဒါပေမဲ့ နာပိုလီပဲ ကြိုက်တယ်။
ဗီရိုနာ - ဗင်နီဇီယာ (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် နံနက် ၁:၁၅ နာရီ)
(၂)သင်းစလုံး ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ အိမ်ကွင်းဆိုရင်တော့ ဗီရိုနာ ကစားပုံကောင်းတတ်ပါတယ်။ ဗီရိုနာကိုပဲ ကြိုက်တယ်။ (၂)သင်းပေါင်းသွင်းဂိုးနည်းနိုင်တယ်။
■ ဘွန်ဒစ်လီဂါပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်
အော့စ်ဘတ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် နံနက် ၁:၀၀ နာရီ)
အော့စ်ဘတ်အသင်းက ဒီရာသီမှာ နိုင်ပွဲတစ်ပွဲသာ ရှိထားသေးတယ်။ အခုပွဲလည်း မိုချန်ဂလာဘတ်ကို အနိုင်ရဖို့ မဖြစ်နိုင်သေးဘူး။
■ ပြင်သစ်လီဂူးပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်
မာဆေးလ် - အန်ဂါစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် နံနက် ၁:၁၅ နာရီ)
နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့တဲ့ မာဆေးလ်တို့ အခုအိမ်ကွင်းပွဲမှာ နိုင်ပွဲပြန်ရဖို့ ကြိုးစားလာပါလိမ့်မယ်။ အန်ဂါစ်က နိုင်ပွဲမရသေးဘဲ အမှတ်ပေးဇယားအောက်ဆုံးရောက်နေတဲ့ အသင်းပါ။ ဒီလိုပွဲမျိုးမှာတော့ မာဆေးလ်တို့ အနိုင်ရလဒ်နဲ့ပဲ သေချာမှုတည်ဆောက်ထားပါလိမ့်မယ်။ မာဆေးလ်နဲ့ ဂိုးအများပဲ ရွေးထားမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
