လီဗာပူးလ်အသင်းသည် မာဆေးဆိုက်မြို့ခံပြိုင်ဘက် အဲဗာတန်နောက်ခံကစားသမား ဘရန့်ဝိတ် အား ခေါ်ယူရန် အသင့်ရှိနေကြောင်း The Mirror က ဖော်ပြခဲ့သည်။
အင်္ဂလန်နောက်ခံကစားသမား ဘရန့်ဝိတ် (၂၂ နှစ်)သည် ပြီးခဲ့သည့်ရာသီကထင်ပေါ်လာသူဖြစ်ပြီး မန်ယူအသင်းကခေါ် ယူရန် ကြိုးပမ်းခြင်းခံခဲ့ရသူလည်းဖြစ် သည်။
မန်ယူအသင်းသည် ဘရန့်ဝိတ် အား ပေါင်သန်း (၅၀) သာ ပေးချေလို ခဲ့ပြီး အဲဗာတန်အသင်းက ပေါင်သန်း (၇၀) သတ်မှတ်ထားသည့်အတွက်အ ပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပေ။
ယခုအခါ လီဗာပူးလ်အသင်းက ဘရန့်ဝိတ်အား အဲဗာတန်အသင်းအလိုရှိသည့် ပေါင်သန်း (၇၀)ဖြင့် ဇန်နဝါရီတွင်ကမ်း လှမ်းရန်အသင့်ရှိကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် နယ်သာလန်ဝါရင့်နောက်ခံကစားသမား ဗန်ဒိုက် (၃၃ နှစ်)၏ နေရာတွင် ရေရှည်အစားထိုးရန်အတွက် ဘရန့်ဝိတ်ကို ခေါ်ယူလိုနေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
