ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ သောင်ရင်းမြစ်ရေ ထပ်မံမြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းနေဒေသခံအချို့ ညတွင်းချင်းပြောင်းရွှေ့နေကြရကြောင်း မြို့ခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ယနေ့ အောက်တိုဘာ (၄)ရက် ညနေ(၅) နာရီအချိန်ခန့်တွင် သောင်ရင်းမြင့်ရေ မြင့်တက်လာကာ မြစ်ကမ်းနဘေးရှိ ရပ်ကွက်များဖြစ်သည့် အမှတ်(၁)ရပ်ကွက် ခွန်ဆာဝန်း၊ အမှတ် (၂)ရပ်ကွက် သဲပုံဂိတ်နှင့် အမှတ်(၅)ရပ်ကွက် သရက်ပင်ဂိတ်နှင့် ကျောက်ဖျာဂိတ်တို့တွင် ရေစတင်ဝင်ရောက်နေပြီဖြစ်ကြောင်း ၎င်းက ဆို သည်။
“အနိမ့်ပိုင်းရပ်ကွက်တွေ ရေစဝင်နေပြီ။ အခု ည (၇)နာရီခွဲကို နှစ်ပေလောက်ပေါ့။ နှစ်ပေလောက်ဆိုတော့ ဒူးဆစ်ကျော်ကျော်လောက်အထိ ဝင်နေပြီပေါ့။ အခု ပုံမှန်ရေဘေး အတွက် ကူညီကယ်ဆယ်နေတဲ့ ဘုန်းကြီးကျောင်းတွေမှာလူတွေတော်တော်ရောက်နေပြီ။ ရေကင်းတွေတော့ စောင့်ပြီးကြည့်နေတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အမှတ်(၅)ရပ်ကွက်အတွင်းရှိ ကိုနဝင်းဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံတစ်ခုတွင် ကယ်ဆယ်ရေးစခန်း (၂)ခု ယာယီဖွင့်လှစ်ထားပြီဖြစ်သည်ဟုဆိုသည်။
သောင်ရင်းမြစ်ရေသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း တစ်ကြိမ်၊ စက်တင်ဘာလအတွင်း တစ်ကြိမ် မြင့်တက်ခဲ့ကာရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ယခု တစ်ကြိမ်ဖြစ်ဆိုလျှင် (၃) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-CJ


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
