မနီလာ၊အောက်တိုဘာ ၄
ဖိလစ်ပိုင်နိုင်ငံကို သီတင်းပတ်ကုန်က စတင်ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုက်ဖွန်းမုန်တိုင်းခရာထုန်ကြောင့် ေ-သဆုံးသူဦးရေသည် ငါးဦးအထိ မြင့်တက်လာပြီး လူတစ်ဦးပျောက်ဆုံးနေသေးသည်ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီကပြောကြားခဲ့သည်။
နိုင်ငံတော်သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ခရာထုန်မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်မြောက်ဖျားဒေသ ၂ ခုတွင် လူေ-သဆုံးမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ေ-သဆုံးသူများတွင် ရေန-စ်ေ-သဆုံးသူ အသက် ၆၂ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် ဓာတ်လိုက်ေ-သဆုံးသည့် အသက် ၂၅ နှစ်အရွယ်လူတစ်ဦးတို့ပါဝင်သည်ဟုဆိုသည်။အခြား ၃ ဦး၏ ေ-သဆုံးရသည့် အကြောင်းရင်းကိုမူ အတည်ပြုနေဆဲဖြစ်ကြောင်းလည်း အေဂျင်စီကပြောကြားခဲ့သည်။
ပြင်းထန်သည့်ရေစီးကြောင်းထဲ မျောပါသွားသူကိုလည်း ဆက်လက်ရှာဖွေနေသည်ဟု အေဂျင်စီကပြောကြားခဲ့သည်။
ခရာထုန်သည် ဖိလစ်ပိုင်၌ ရွာပေါင်း ၈၂၈ ရွာ ထက်မနည်းသော နေရာများမှလူပေါင်း ၂၄၃,၀၀၀ နီးပါးကို ထိခိုက်စေခဲ့ကြောင်း အေဂျင်စီကဆက်လက်ပြောကြားခဲ့သည်။
အခြေခံအဆောက်အဦနှင့် စိုက်ပျိုးရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ပီဆို ၁ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၇ သန်း) ရှိမည်ဟုလည်း အေဂျင်စီကခန့်မှန်းထားသည်။ ဖိလစ်ပိုင်၌ နှစ်စဉ် ပျမ်းမျှ မုန်တိုင်း အလုံးရေ ၂၀ လောက်တိုက်ခတ်လေ့ရှိသည်ဟုလည်းသိရသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
