Top News

ပဋိပက္ခများကြောင့် တိုက်ပွဲရှောင်စခန်းများနှင့် ယာယီရွှေ့ပြောင်းအခြေချစခန်းများတွင် နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၂ သန်းကျော်ရှိလာပြီဖြစ်ကြောင်း UNOCHA ထုတ်ပြန်
24htopnews | October 5, 2024 12:12 AM CST

ပဋိပက္ခများကြောင့် တိုက်ပွဲရှောင်စခန်းများနှင့် ယာယီရွှေ့ပြောင်းအခြေချစခန်းများတွင် နေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၂ သန်း ကျော်ရှိလာပြီဖြစ်ကြောင်း UNOCHA က ထုတ်ပြန်သည်။

“ဖြစ်ပွားနေဆဲ လက်နက်ကိုင်ပဋိပက္ခတွေအပြင် ယခုနှစ်မေလကတည်းကတိုးလာတဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် ယိုယွင်းလာတဲ့စီးပွားရေးအခြေအနေတွေကို မြန်မာ ပြည်သူတွေဟာ ဆက်လက် ရင်ဆိုင်နေကြရ ဆဲဖြစ်ပါတယ်။ လက်ရှိမှာ လူဦးရေ ၁ ဒသမ ၂ သန်းကျော်ဟာ မြန်မာနိုင်ငံတဝန်းက တိုက် ပွဲရှောင်စခန်းတွေနဲ့၊ ယာယီရွှေ့ပြောင်းအခြေ ချစခန်းတွေမှာ ပြည်တွင်းနေရပ်စွန့်ခွာနေ ကြရဆဲဖြစ်ပါတယ်” ဟု UNOCHA၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် တိုက် ပွဲများ ပြင်းထန်လျက်ရှိသဖြင့် လုံခြုံရေးနှင့် လူသားချင်းစာနာမှု လိုအပ်ချက်အခြေအနေ များ ဆက်လက်ဆိုးရွားလျက်ရှိပြီး အရပ်သား သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာမှုများ ဆက်လက် ဖြစ်ပေါ်နေကြောင်း၊ မိတ်ဖက်အဖွဲ့များ၏ အ ချက်အလက်များအရ ဇူလိုင်လအစောပိုင်း က စတင်ပြီးခန့်မှန်းခြေ အရပ်သားပြည်သူ  ၁၈၃၇၀ ဦးမှာ နေအိမ်များကို စွန့်ခွာပြီးပိုမို ဘေးကင်းလုံခြုံသည့်နေရာများကို ရွှေ့ပြောင်း ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း ကျောက် ကြီးမြို့နယ် ကျေးရွာ ၁၈ ရွာရှိ အနည်းဆုံး ၁၂၃၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီး သရက် ချောင်းမြို့နယ် ကျေးရွာခုနစ်ရွာရှိ ၁၀၀၀ ဦး၊ မွန်ပြည်နယ် သထုံမြို့နယ်တွင် ၁၅၀၀ ခန့်၊ ကရင်ပြည်နယ် ဖားအံမြို့နယ်တွင်  ၅၀၀ ဦး၊ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်တွင် ၇၀ ဦး နှင့် မိုးကောင်းမြို့နယ်မှာ ၃၀၀၀ ဦးခန့် ပါဝင် ကြောင်း၊ မြေပြင်အခြေအနေတွင် နေရပ်စွန့် ခွာတိမ်းရှောင်ရသူ အရေအတွက်မှာ အထက် ပါ ကိန်းဂဏန်းထက်ကျော်လွန်နေနိုင်သော် လည်း လုံခြုံရေး အခြေအနေများနှင့် အင်တာ နက်ပြတ်တောက်မှုများကြောင့် ကျယ်ကျယ် ပြန့်ပြန့် စိစစ်အတည်ပြုနိုင်ခြင်း မရှိသေး ကြောင်း၊ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂ ဏန်းများအရ ၂၀၂၁ ခုနှစ်တွင် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ရသူ ၇၈၃၄၀၀ ဦးနှင့် ယင်းမတိုင်မီ ပဋိပက္ခ များကြောင့် အိုးအိမ်စွန့်ခွာရသူ ၃၄၆၆၀၀ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့ပြင် မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေး သည့် စစ်လက်နက်အ<ကင်းအကျန်များမှာ လည်း တိုက်ပွဲရှောင် များနှင့် ဒေသခံများကို ဒုက္ခပေးလျက်ရှိပြီး ယူနီဆက်ဖ်၏ နောက်ဆုံး အစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ပထမသုံးလ ပတ်ကာလအတွင်း မြန်မာနိုင်ငံတဝန်းမြေမြှုပ် မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်များကြောင့် အရပ်သားထိ ခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ စုစုပေါင်း ၁၀၀ ရှိခဲ့သည်ဟု သိရသည်။ ယင်းတို့အနက် ကလေးငယ်ထိခိုက်သေဆုံးမှုမှာ သုံးပုံတစ်ပုံ ၃၇ ဦး ရှိကြောင်း UNOCHA က ထုတ်ပြန် သည်။


READ NEXT
Cancel OK