Top News

မြန်မာလုပ်သား အမျိုးသမီးနှစ်ဦး အလောင်းတွေ့ရှိမှုနှင့် ဆက်စပ်ပြီး ပွဲစားတစ်ဦးကို မဲဆောက်တွင်ဖမ်းဆီး
24htopnews | October 5, 2024 12:12 AM CST

မြန်မာလုပ်သားအမျိုးသမီးနှစ်ဦး အလောင်းတွေ့မှုနှင့် ဆက်စပ်သည့်ပွဲစား တစ်ဦးကို မဲဆောက်မြို့တွင် ဇူလိုင်၂၈ ရက် က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

တာ့ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည့် ပွဲစားအဖွဲ့ဝင်များအားစစ်ဆေးချက်အရ သေဆုံးသွားသည့် မြန်မာအမျိုးသမီးနှစ်ဦးကို  ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ခေါ်ဆောင်လာသော လူကယ်ရီပွဲစား မနန်းခင်စောမူ

(၃၈ နှစ်) ကို ဇူလိုင်၂၈ ရက်က တာ့ခ်ခရိုင်၊ မဲ ဆောက်မြို့၊ ထာ့ဆိုင်လွမြို့နယ်ရှိအငှားအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်ကလာ သောသတင်းများအရ သိရသည်။

တရားမဝင် လူကယ်ရီပို့ဆောင်သည့် လုပ်ငန်းကိုမပြောလိုသော်လည်း လူသေဆုံးပြီး အလောင်းပစ်ထားခဲ့ခြင်းမှာ လူသားမဆန်သောလုပ်ရပ်ဖြစ်သည်ဟု မြန်မာပြည်သား များအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“ဒီလောက်ဇာတ်နာတဲ့မှုခင်းမျိုး ဘယ်မှာရှိဦးမလဲဗျ။ ပွဲစားအနေနဲ့ဆောင်ရွက်ပေးတာကို မပြောလိုဘူး။ မြန်မာအမျိုးသမီး နှစ်ယောက်သေဆုံးတဲ့အထိ ဖြစ်တယ်ဆိုတော့ အားကြီးလွန်သွားပြီလေ။ လူသားမဆန်တဲ့ လုပ်ရပ်ပါပဲ။ သူတို့ကိုကျွန်တော်တို့ကဒီတိုင်း လွှတ်ပေးထားလို့တော့ မဖြစ်ဘူးဗျ။ ဒီပွဲစားတွေကို ထိုင်းဥပဒေအတိုင်း အရေးယူသလို၊ မြန်မာနိုင်ငံဘက်ခြမ်းမှာလည်း သူမဟာဘာ လုပ်ထားသလဲဆိုတာကို လုပ်ခင်းကိုင်ခင်း တွေကိုကြည့်ပြီးတော့ မြန်မာဥပဒေနဲ့ပါအရေး ယူလိုက်မယ်ဆိုရင် ထိုင်းမြန်မာနှစ်ထပ်ကွမ်း ဥပဒေနဲ့အရေးယူလိုက်မယ်ဆိုရင် ရှုပ်ထွေး ပွေလီတဲ့ ပွဲစားဆိုးတွေရဲ့လုပ်ငန်းစဉ်တွေ ဟာ ရပ်သွားမှာပဲဖြစ်ပါတယ်။ ထိထိရောက်ရောက်အရေးယူဖို့သာလိုအပ်ပါတယ်” ဟု ဦးမိုးကြိုးက ပြောကြားသည်။

သေဆုံးပြီး အလောင်းစွန့်ပစ်ခံခဲ့ရသည့် မြန်မာနိုင်ငံအမျိုးသမီးနှစ်ဦးသည် ထိုင်းနိုင်ငံ တွင် အလုပ်လုပ်ကိုင်ရန်အတွက် တရားမဝင် ဝင်လာသူများဖြစ်ကာ ကားပေါ်တွင်အောက်စီဂျင်ပြတ်လတ်မှုကြောင့် သေဆုံးခဲ့ရပြီးလမ်း ဘေးတွင်စွန့်ပစ်ခြင်းခံရသူများ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချိုင်းနတ်ခရိုင်၊ မနိုရုမ်းမြို့ နယ်လမ်းဘေးတောစပ်တစ်နေရာတွင် အဆိုပါ မြန်မာအမျိုးသမီးအလောင်းနှစ်လောင်းကို ဇွန် ၁၉ ရက်ကတွေ့ရှိခဲ့ပြီးနောက် အမှုနှင့် ဆက်စပ်သူများကို ထိုင်းအာဏာပိုင်က စုံစမ်း ဖမ်းဆီး နေခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK