Top News

ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၇၀၀၀ အပါအဝင် ဆန်ချော၊ ဆန်ကြမ်းများကိုသက်သာသော စျေးနှုန်းဖြင့် တစ်အိမ်ထောင်လျှင် တစ်အိတ် သြဂုတ် ၃ ရက်မှ စတင်ရောင်းချမည်
24htopnews | October 5, 2024 12:12 AM CST

ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၇၇၀၀၀ အပါအဝင် ဆန်ချော၊ဆန်ကြမ်းများ ကို သက်သာသောစျေးနှုန်းဖြင့် တစ်အိမ် ထောင်လျှင်တစ်အိတ် သြဂုတ် ၃ ရက်မှစတင် ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာ နိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း နှင့် ဆန်စပါးကုန်စည်ဒိုင်(၀ါးတန်း)၊ ဆန်စပါး ကုန်စည်ဒိုင်( ဘုရင့်နောင်) တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် စားသုံးသူများအတွက်သက်သာသောစျေးနှုန်းဖြင့် ဆန်ရောင်းချမည့် အစီ အစဉ်ဖြစ်သည်။

ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၂၀၀၀- ၅၅၀၀၀၊ ကြားပျံတစ်အိတ်လျှင် ကျပ် ၅၅၀၀၀- ၆၀၀၀၀ ရွှေဘိုပေါ်ဆန်း တစ် အိတ်လျှင် ကျပ် ၇၅၀၀၀- ၇၇၀၀၀၊ ရက်(၉၀) တစ်အိတ်လျှင် ကျပ် ၃၅၀၀၀- ၃၇၀၀၀ စျေး ဖြင့် သြဂုတ် ၃ ရက် နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအချိန်အတွင်း ရန်ကုန်မြို့ရှိ ဆန်စပါး ကုန်စည်ဒိုင် (၀ါးတန်း)တွင် ရောင်းချပေးမည် ဖြစ်သည်။

စားသုံး သူပြည်သူများအတွက်သာ ရောင်းချပေးခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စု လျှင် ဆန်တစ်အိတ် ရောင်းချပေးမည်ဟု သိရ သည်။ပြန်လည်ရောင်းချရန်ကုန်သည်များ၊ လက်လီဆိုင်များကို ရောင်းချပေးမည်မဟုတ် ကြောင်း သိရသည်။


READ NEXT
Cancel OK