Top News

နိုင်ငံတော် လျှပ်စစ်ဓာတ်အားလိုအပ်မှုအတွက် အလားအလာရှိသည့် ​ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက်အ​ကောင်အထည်​ဖော်​ရန် နစက  စီစဉ်နေ
24htopnews | October 5, 2024 12:12 AM CST

နိုင်ငံ​တော်အတွက် လိုအပ်​နေသည့် လျှပ်စစ်ဓာတ်အားများအတွက် အလားအလာရှိသည့် ​ရေအားလျှပ်စစ်စီမံကိန်းများကို အ​ကောင်အထည်​ဖော်ဆောင်ရွက်မည်ဖြစ်​ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူကြီး မင်း​အောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၁ ရက်က နစက၏ ၁၈ လပြည့် နိုင်ငံ့တာဝန်ထမ်း​ဆောင်ခဲ့မှုနှင့်ပတ်သက်၍ ​ပြောကြားသည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်း​ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံ​တော်အတွက် လိုအပ်​နေတဲ့ လျှပ်စစ်ဓာတ်အား​တွေအတွက် အထက်ရဲရွာ ​​ရေအားလျှပ်စစ်စီမံကိန်း၊ အထက်ကျိုင်း​တောင်း ​ရေအားလျှပ်စစ်စီမံကိန်း၊ သူ​​ဌေး​ရေအား လျှပ်စစ်စီမံကိန်း​​တွေက စုစု​ပေါင်း ၄၄၂ မဂ္ဂါဝပ်ကို နိုင်ငံ​တော်ဓာတ်အားစနစ်သို့ဆက်လက် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ဖို့အတွက် ​ဆောင်ရွက်နေလျက်ရှိပါတယ်။ ဒါ့အပြင်အလားအလာရှိတဲ့ ​ရေအားလျှပ်စစ်စီမံကိန်း​တွေကိုလည်း ဆက်လက်အ​ကောင်အထည်​ဖော်​ဆောင်ရွက်နိုင်ရေးစီမံလျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ​ပြောကြားသည်။

လက်ရှိ ကမ္ဘာ့နိုင်ငံ​ရေးအ​ခြေအ​နေအရ CNG စျေးနှုန်း​များအဆမတန်ကြီးမြင့်မှုများရှိပြီး နိုင်ငံတွင်လည်း သဘာဝဓာတ်​ငွေ့လုံလောက်စွာမရရှိခြင်း၊ သဘာဝဓာတ်​ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများပြုပြင်နေရခြင်း၊ မဟာလျှပ်စစ်ဓာတ်အားလိုင်းများကို ​ဖောက်ခွဲဖျက်စီးခဲ့ခြင်းများ​ကြောင့် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝမရရှိသည်ကို ​တွေ့ရှိရ​ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စက်ရုံအသီးသီးက စုစု​ပေါင်းဓာတ်အားထုတ်လုပ်နိုင်မှုရဲ့ ၅၀ ရာခိုင်နှုန်းခန့်ဟာ ​ရေအားလျှပ်စစ်စက်ရုံတွေကဖြစ်ပါတယ်။ ပြည့်ဖြိုးမြဲ လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ​ရေအား၊ ​လေအား၊ ​နေ​ရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်​ရေး စီမံကိန်း ၆၀ ခု၊ ၆၂၈၇ မဂ္ဂါဝပ် ထွက်ရှိ​ရေးအတွက်လည်း စီမံ​ဆောင်ရွက်​နေပါတယ်။ ​ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ချက်ချင်းမလုပ်နိုင်ပါဘူး၊ မထွက်နိုင်ပါဘူး။ အမြန်ဆုံးဆိုတဲ့ ​နေ​​ရောင်ခြည်စွမ်းအင်သုံး (Solar) လျှပ်စစ်ဓာတ်အားပင်လျှင် တစ်နှစ်ခွဲကြာနိုင်ပါတယ်။ ​ရေအားလျှပ်စစ်ဟာ ငါးနှစ်အနည်းဆုံးကြာပါတယ်” ဟု ​ပြောကြားသည်။

ထို့ကြောင့် လိုအပ်သည့် လျှပ်စစ်ဓာတ်အား​များ ပြည့်ဝစွာထုတ်လုပ်နိုင်ရန်အတွက် ​ရေအားလျှပ်စစ်စက်ရုံ၂၉ ရုံ၊ ​ကျောက်မီး​သွေး သုံးစက်ရုံတစ်ရုံ၊ သဘာဝဓာတ်​ငွေ့သုံးစက်ရုံ ၂၈ ရုံ၊ ဒီဇယ်ဓာတ်အား​ပေးစက်အလုံး ၆၁၀ နှင့်​နေ​​ရောင်ခြည်စွမ်းအင်သုံး စက်ရုံနှစ်ရုံတို့မှ ၇၁၂၁ မဂ္ဂါဝပ် ထုတ်လုပ်​ပေးလျက်ရှိ​ကြောင်း ၎င်းက ပြောကြားသည်။


READ NEXT
Cancel OK