Top News

စစ်ကိုင်းမြို့နယ်​ အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း ​ပေါက်ကွဲမှုဖြစ်ပွား
24htopnews | October 5, 2024 12:12 AM CST

စစ်ကိုင်းမြို့နယ်​ အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း တွင်​ သြဂုတ်လ ၁ ရက်​မွန်းလွဲ ၂ နာရီ​ကျော်ခန့်က  ​ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ​မော်တော်ကားအချို့ မီးလောင်​မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်​။

ဖြစ်စဉ်မှာ အဆိုပါ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး တည်ရှိရာ စစ်ကိုင်းမြို့ ပိုးတန်းရပ် ရုံးကြီးလမ်းပေါ်သို့ ဆိုင်ကယ်ဖြင့်လာရောက်၍ ဗုံး ၃ လုံး ပစ်ပေါက် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟုသိရှိရပြီး ၂ လုံးပေါက်ကွဲခဲ့ကာ ၁ လုံးမှာ ပေါက်ကွဲခဲ့ခြင်း မရှိကြောင်း သိရသည် ။

ပေါက်ကွဲမှုမှာ အဆိုပါရုံးအတွင်းရှိ  မော်တော်ယာဉ်ထားရှိရာနေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကား ၂ စီး မီးလောင်ပြာကျခဲ့သည်ဟု သွားရောက်မီးငြိှမ်းသတ်ခဲ့သည့် မီးသတ်တစ်ဦးထံမှ သိရသည် ။

" ပေါက်ကွဲသံက ၂ ကြိမ်ဆက်တိုက်ပဲ ။ ပထမအသံကတော့ အတော်လေးကျယ်တယ် ။ အဲ့လမ်းပေါ်မှာက ထွေအုပ်ရုံး စည်ပင်နဲ့ စာတိုက်ကြီးတွေရှိပြီး လမ်းပေါ်မှာ လုံခြုံရေးသံဆူးကြိုးတွေ အများကြီး ချထားတာ ကြာပြီ ။ အသံကြားလို့ ထွက်ကြည့်တော့ လမ်းတွေပိတ်ထားလို့ ပြန်လှည့်လာရတယ် "" ဟု မြို့ခံတစ်ဦးက ပြောကြားသည် ။

ယင်းသို့ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကားအချို့ မီးလောင်မှုကို မြို့နယ်အတွင်းရှိ မီးသတ်ဌာနများမှ လာရောက်ငြှိမ်းသတ်မှုပြုလုပ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ကနဦးသတင်းများအရ စုံစမ်းသိရှိရသည် ။


READ NEXT
Cancel OK