ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်းဝတိုက်နယ် ပန်းလားရွာ အမက မူလွန်ကျောင်းတွင် ကျောင်းပိတ်ရန် ဩဂုတ် ၁ ရက်က ခြိမ်းခြောက်စာ ရေးသားထားမှုကြောင့် ဆရာ၊ဆရာမနှင့် ကျောင်းသားမိဘတွေ စိုးရိမ်နေကြောင်း ဒေသခံရပ်မိရပ်ဖများက ပြောကြားသည်။
ပန်းလားရွာ အမက မူလွန်ကျောင်းတွင် ဇူလိုင် ၃၁ ရက် ညပိုင်းက ''ကျောင်းပိတ်မပိတ်ရင် ဗုံးခွဲမယ်'' ဟု စာသင်ကျောင်းနံရံတွင် ရေးသားခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်း၊ တစ်ဦးတစ်ယောက်ကရေးသွားခြင်း မသိခြင်းကြောင့် ထိတ်လန့်နေရခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖ တစ်ဦးက ပြောကြားသည်။
ယင်းက''စာသင်ကျောင်းက မနက်ပိုင်းပဲ ဖွင့်တယ်။ ညနေပိုင်းကြတော့ ကျောင်းသားမိဘတွေရော၊ ဆရာ၊ ဆရာမတွေရော စိုးရိမ်ကြကုန်ပြီလေ။ ကလေးတွေ ပြန်လာကြတယ်။ ကျွန်တော်တို့ ရပ်မိရပ်ဖအနေနဲ့က ဘယ်သူလုပ်သလဲ။ ဘယ်အဖွဲ့အစည်းလုပ်သလဲ စုံစမ်းနေတယ်။ စုံစမ်းလို့ရရင် သူတို့နှင့် တတ်နိုင်သလောက် ညှိမယ်ပေါ့။ ဒီမှာက ရဲနှင့် တပ်ကလွဲရင် လက်နက်ကိုင်အဖွဲ့က ပေါင်းစုံတယ်။ ကျွန်တော်တို့လည်း တပ်က အုပ်ချုပ်တာကိုမကြိုက်ကြပါဘူး။ လက်နက်ကိုင်တွေ အုပ်ချုပ်တာကိုလည်းမကြိုက်ပါဘူး။ သို့သော် ပညာရေးမှာတော့ ကလေးတွေကို မထိခိုက်စေချင်ဘူး''ဟု ပြောကြားသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကချင်ပြည်နယ်မှာ အခြေခံပညာ ကျောင်းအပ်နှံသူ နှစ်သိန်းနှစ်သောင်းကျော် ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း မိုးညှင်းမြို့နယ်တွင် ဇွန် ၈ ရက်တွင် မိုးညှင်းမြို့၊ နားခါ အထက်တန်းကျောင်း၊မြို့သစ်ကလေးကျေးရွာ အထက်တန်းကျောင်း၊ ဇွန် ၉ ရက်တွင် အင်းတော်ကြီးမြို့(ယခင်လုံးတုံရွာ) အထက်တန်းကျောင်း ၊ ဇွန် ၁၇ ရက်တွင် မိုးညှင်းမြို့နယ် အင်းလေးကျေးရွာ အလယ်တန်းကျောင်းခွဲ၊ ၂၀၂၂ ခုနှစ် ဇွန် ၁၅ ရက်က မြစ်ကြီးနားမြို့၊ မန်ခိန် အထက်တန်းကျောင်းအတွင်းရှိကျောင်းဆောင်ဟောင်း တစ်ဆောင် တို့မီးရှို့ခံထားရသည်။
ကချင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်နှင့်၂၀၂၂ ခုနှစ်တွင် ပညာရေးဌာနများ မိုင်းခွဲခံရမှု ၊ ကျောင်းဝင်းအနီး မိုင်းပေါက်ကွဲမှု၊ ကျောင်းအုပ်ကြီး နေအိမ် မိုင်းပစ်ခံရမှု၊ ဆရာ၊ ဆရာမ နားနေဆောင်များ မီးရှို့ခံရမှုများ ဖြစ်ပွားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
