၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ၁၈ လတာအတွင်း လုပ်ကြံသတ်ဖြတ်မှုများကြောင့် သံဃာ၊ သီလရှင်၊ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိသူများအပါအဝင်အရပ်သား ၃၄၈၃ ဦးသေဆုံးပြီး ၃၀၆၅ ဦးဒဏ်ရာရရှိကာ ၄၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သြဂုတ် ၁ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈ လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ပြောကြားသည့်မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရ၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်မှုအပေါ် တရားမဝင် ကော်မတီ၊ စင်ပြိုင်အစိုးရ၊ အကြမ်းဖက် အဖွဲ့အစည်းတွေဖွဲ့စည်းကာ နိုင်ငံအတွင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုမရှိစေရေးနည်း လမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့သည်ကိုတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်အထိ ၁၈ လတာ ကာလအတွင်း တစ်နိုင်ငံလုံး လက်ပစ်ဗုံး၊ လက်လုပ်ဗုံး ပစ်ခတ်ခံရမှုနှင့် မိုင်းခွဲမှု ၇၂၄၆ ကြိမ်၊ တိုက်ခိုက်သတ်ဖြတ်ခံရမှု ၆၅၆၇ ကြိမ်၊ မီးရှို့ခံရမှု ၁၀၉၄ ကြိမ် စုစုပေါင်း ၁၄၉၀၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
“ရဟန်း၊သံဃာ၊သီလရှင်တွေ၊အစိုးရဝန်ထမ်းတွေ၊အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေ၊ ကလေးသူငယ်အပါအဝင် အပြစ်မဲ့ အရပ်သား ၃၄၈၃ ဦးသေဆုံးခဲ့ပြီး ၃၀၆၅ ဦး ဒဏ်ရာရရှိ၍ ၄၁ ဦး ပျောက်ဆုံးမှုရှိခဲ့ပါတယ်။ အပြစ်မဲ့စွာသေဆုံးသူများအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုများကိုလည်းထိရောက်စွာ အရေးယူဆောင်ရွက်သွားပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထိုသို့သတ်ဖြတ်ခံရမှုများတွင် သံဃာတော် ၅၂ ပါး၊ သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကိုးပါးဒဏ်ရာရရှိကာ၊ ရှစ်ပါးပျောက်ဆုံးခဲ့ကြောင်း သိရသည်။
အလားတူ သတ်ဖြတ်ခံရမှုကြောင့် ပညာရေးဝန်ထမ်း ၄၇ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိကာ ၂၅ ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄၀ ၂၆ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၄၄၂ ကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၁၉၄ ကြိမ်၊ မကွေးတိုင်းဒေသကြီးတွင် ၁၃၉၅ ကြိမ် အကြမ်းဖက်မှုအများဆုံးဖြစ်ပွားခဲ့သည့်အတွက် အဆိုပါဒေသအတွင်း မူလအခြေအနေများအတိုင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုရှိအောင် ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က”ကျွန်တော်အနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလွန်အရေးကြီးတဲ့ မြို့နယ်အချို့မှအပ စစ်အုပ်ချုပ်ရေးမလုပ်ခဲ့ပါဘူး။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး အာဏာသုံးရပ်ကို မည်သို့ပင်အပ်နှင်းထားစေကာမူ အခြေခံဥပဒေပါပြဋ္ဌာန်းချက်၊ တည်ဆဲဥပဒေများနှင့်အညီသာ ဆောင်ရွက်ပါတယ်”ဟု ပြောကြားသည်။
ထို့ပြင် ၁၈ လတာကာလအတွင်း နိုင်ငံအတွင်းသို့ နည်းမျိုးစုံဖြင့် သွင်းယူခဲ့သည့် လက်နက်များ၊ အကြမ်းဖက်များနှင့်ထိတွေ့ပစ်ခတ်မှုများတွင် ဖမ်းဆီးရမိခဲ့သည့် လက်နက်များသည် လက်နက်မျိုးစုံ ၆၃၁၁ လက်၊ ခဲယမ်းမျိုးစုံ ၃၃၅၁၈၄ တောင့်နှင့် လက်ပစ် ဗုံး/မိုင်း ၁၁၇၁၅ လုံး သိမ်းဆည်းရမိခဲ့ပြီး ၆၂၃၆ ဦးဖမ်းဆီးရမိခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
၂၀၂၂ ခုနှစ် လက်ရှိခြောက်လတာ ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးနယ်မြေအချို့၊ မကွေးတိုင်းဒေသကြီး(မြောက်ပိုင်း) နယ်မြေအချို့၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ် နယ်မြေအချို့တွင် KIA နှင့် KNUများ၏ လူအင်အားနှင့်လက်နက်၊ ခဲယမ်းအပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများကို ယခင်ကထက် ပိုမိုပါဝင် ပံ့ပိုးကူညီမှုများကြောင့် တာဝန်ယူပြီးခဲ့သည့် တစ်နှစ်တာသက်တမ်းကာလနှင့် နှိုင်းယှဉ်ပါက အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများပိုမိုများပြားလာသည့်အတွက် တရားဥပဒေစိုးမိုးရေးကို အလေးထားပြီး မူလအခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ယင်းအပြင် ဖမ်းဆီးရမိသည့် လက်နက်၊ ခဲယမ်းမီးကျောက်အချို့သည် KIA မှထုတ်လုပ်သည့်လက်နက်များ၊ KNU လှုပ်ရှားရာ မြန်မာ-ထိုင်းနယ်စပ်ဒေသများက ဝင်ရောက်လာခြင်းဖြစ်သည့်အတွက် တရားမဝင်လက်နက် ထုတ်လုပ်၊ ဝယ်ယူ၊ သယ်ပို့ခြင်းများမရှိစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
