ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံရေးနှင့်လုံခြုံရေးအခြေအနေ အမြန်ဆုံးတည်ငြိမ်ရန် ပြည်သူ့လုံခြုံရေးစနစ်ကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ် ၁ ရက်က နစက၏ ၁၈ လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့်မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် တိုင်းပြည်ဟာ တည်ငြိမ်အေးချမ်းမှုရှိဖို့လိုပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ မည်သည့်ပုံစံနဲ့မဆို ခြိမ်းခြောက်အကြပ်ကိုင်၊ဖိအားပေးခံရမှု မရှိဘဲ မိမိဆန္ဒအတိုင်း မဲပေးဖို့ လိုအပ်ပါတယ်။ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး လွတ်လပ်ပြီး တရားမျှတစွာ နေရာအနှံ့ အကြားအလပ်မရှိ ကျင်းပနိုင်ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ တရားမျှတမှုနဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေ မရှိစေဖို့အတွက် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေ အမြန်ဆုံးတည်ငြိမ်ဖို့ ပြည်သူ့လုံခြုံရေးစနစ်ကို ကျွန်တော်တို့ မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။
ပါတီစုံ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းချိန်မှစ၍ အထွေထွေရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့ပြီး နိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၃၂၅ မြို့ နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၃၂၃ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
နစက ဥက္ကဋ္ဌက “တစ်ကြိမ်ထက်တစ် ကြိမ်ရွေးကောက်ပွဲကျင်းပနိုင်တဲ့ မြို့နယ်အရေအတွက် နည်းပါးလာတာကို တွေ့နိုင်ပါမယ်။ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ မြို့နယ် အများစုကလည်း တိုင်းရင်းသားနယ်မြေတွေ ဖြစ်တာကိုလည်းတွေ့ရပါမယ်။ ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်ခံရပြီး ဒီမိုကရေစီနစ်ကို ဖော်ဆောင်မယ်ဆိုတဲ့ အစိုးရတွေ လက်ထက်မှာမှ ရွေးကောက်ပွဲမကျင်းပဖြစ်လို့ ဒီမိုကရေစီ အခွင့်အရေးဆုံးရှုံးရတဲ့ တိုင်းရင်းသားဒေသတွေများပြားလာတာဟာ ကျွန်တော်တို့ သတိပြုရမဲ့အချက်ပဲဖြစ်ပါတယ်”ဟု ပြောကြားသည်။
ရွေးကောက်ပွဲမကျင်းပဖြစ်သည့် မြို့ နယ်များတွင်တည်ငြိမ်အေးချမ်းမရှိခြင်းကြောင့်ဆိုသည့် အကြောင်းပြချက်များရှိခြင်းကြောင့် မည်သို့သော အကြောင်းပြချက်များ ရှိနေပါစေတိုင်းရင်းသားများနှင့် တိုင်းရင်းသားဒေသများကို အခွင့်အရေး ပိုမိုပေးအပ်နိုင်ရန်ဆောင်ရွက်ရမည်ဟု ၎င်းကဆိုသည်။
“တိုင်းရင်းသားတွေဟာ သူ့တို့ရဲ့အခွင့်အရေးတွေ၊ နစ်နာမှုတွေကို တရားဝင်နိုင်ငံရေးစင်မြင့်မှာ ပြောခွင့်၊ ဆိုခွင့်၊ တောင်းဆိုခွင့်ပေးရပါလိမ့်မယ်။ ဒါကိုပေးဖို့ဆိုရင်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်တွေပဲ ဖြစ်ပါမယ်။ ဒီတော့လွှတ်တော်အသီးသီးမှာ တိုင်းရင်းသားတွေ၊ လူထုလူတန်းစားအလွှာ အသီးသီးကိုကိုယ်စားပြုတဲ့သူတွေပါဝင်နိုင်ဖို့လိုအပ်ပါတယ်”ဟု နစကဥက္ကဋ္ဌကပြောကြားသည်။
နိုင်ငံ၏ လက်ရှိရွေးကောက်တင်မြှောက်မှုစနစ်သည် နိုင်သူအကုန်ယူ(FPTP-First Past The Post)ဖြစ်ပြီး ပါတီကြီးများ၏ လွှမ်းမိုးမှုများကြောင့် တိုင်းရင်းသားများ၊ လူထုလူတန်းစား အလွှာအချို့ကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများသည် အင်အားနည်းသည်ကိုတွေ့နိုင်ကြောင်းနှင့်တိုင်းရင်းသားများ ရွေးချယ်ခံရမှု နည်းပါးခြင်းကြောင့် ၎င်းတို့၏အသံများကို တရားဝင်နိုင်ငံရေးစင်မြင့်(လွှတ်တော်)များတွင် ကြားရမှုနည်းပါးကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
နစက ဥက္ကဋ္ဌက “ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးပါတီတွေကိုလေ့လာကြည့်ပါ။ အခြေခံအားဖြင့် သုံးမျိုးသာခွဲခြားနိုင်ပါလိမ့်မယ်။ (တစ်)နိုင်ငံရေးအယူဝါဒကို ကိုယ်စားပြုတဲ့ပါတီများ၊(နှစ်)ဒေသကိုကိုယ်စားပြုတဲ့ပါတီများနဲ့ (သုံး)တိုင်းရင်းသားလူမျိုးစု များကိုကိုယ်စားပြုတဲ့ပါတီများ ဖြစ်ပါတယ်။ အားလုံးဟာကိုယ့်အစုအဖွဲ့နဲ့ကိုယ် ထောက်ခံမှုများရှိကြပါတယ်။ ဒီပါတီတွေအားလုံး နိုင်ငံရေးစင်မြင့်မှာ(လွှတ်တော်မှာ) ပါဝင်နိုင်ဖို့၊ ကိုယ်စားပြုနိုင်ဖို့၊ ပြောနိုင်ဆိုနိုင်ဖို့ ဘာတွေ ကျွန်တော်တို့ လုပ်ဖို့လိုသလဲ၊ ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲမှဖြစ်ပါမယ်။ လက်ရှိအသုံးပြုနေတဲ့ နိုင်သူအကုန်ယူ(FPTP)စနစ်အပြင် အချိုးကျကိုယ်စားပြုစနစ်(PR-Proportional Representation)ကိုထည့်သွင်း ဆောင်ရွက်ဖို့လိုကြောင်း တွေ့ရပါတယ်။ ဒီလို ပြင်ဆင်ရာမှာ အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြင်ဆင်ရမှာ ဖြစ်သလို နိုင်ငံရေးပါတီတွေအနေနဲ့လည်း ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အဲ့လို ပြင်ဆင်နိုင်ရန် လုံလောက်တဲ့အချိန် ရယူသွားရမှာပဲ ဖြစ်ပါတယ်” နစကဥက္ကဋ္ဌက ပြောကြားသည်။
ပြည်ထောင်စု ရေရှည်တည်တံ့ရန်၊ နိုင်ငံတော်အဓွန့်ရှည်ကြာရန်၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းသွားရန် PR စနစ်ကို အကောင်အထည်ဖော်ရမည်ဖြစ်ပြီး သို့မှသာ ပြည်သူနှင့် ဒီမိုကရေစီစနစ်သည် သဟဇာတဖြစ်မည် ဖြစ်ကြောင်း၊PR ကိုဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုကို အသိပညာပေးခြင်း၊ ယင်းစနစ်ဖြစ်လာရန် အစီအစဉ်များ ချမှတ်ခြင်းနှင့် အားလုံးပါဝင်ရန် လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
အထက်ပါကိစ္စများ ဆောင်ရွက်နိုင်ရန် အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ခေါ်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပြီးသမျှကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှလက်ခံကြကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် အခန်း(၁၂)အရ လွှတ်တော်ကသာ ပြင်ဆင်နိုင်သည့်အတွက် လွှတ်တော်အရ ပြင်ဆင်နိုင်ရန် လွှတ်တော်ထဲတွင် တိုင်းရင်းသား ကိုယ်စားပြုပါတီများ၊ ဒေသကိုယ်စားပြုပါတီများ တက်ရောက်လာရန် လိုအပ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
