Top News

ခြောက်လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၁၇၁၅ သန်းကျော်ရရှိခဲ့ပြီး လအလိုက်တင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် အများဆုံးဖြစ်
24htopnews | October 5, 2024 12:12 AM CST

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ (Mini Budget) ခြောက်လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၁၇၁၅ သန်းကျော်ရရှိခဲ့ပြီး လအလိုက်တင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ (Mini Budget) ခြောက်လအတွင်း လအလိုက် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုအနေဖြင့် အောက်တိုဘာတွင် ဒေါ်လာ ၂၈၀ ဒသမ ၂ သန်း၊ နိုဝင်ဘာတွင် ၃၀၀ ဒသမ ၈ သန်း၊ ဒီဇင်ဘာတွင်၂၇၄ ဒသမ ၂ သန်း၊ ဇန်နဝါရီတွင်၂၇၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ၂၉၀ ဒသမ ၂ သန်း၊ မတ်လတွင် ဒေါ်လာ၂၉၀ ဒသမ ၃ သန်းဖြင့် စုစုပေါင်းဒေါ် လာ ၁၇၁၅ ဒသမ ၂ သန်းရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မတ်လ၌ ပြည်ပ သို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာသန်း ၂၉၀ ကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၂ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် မတ်လ၌ ပြည်ပ သို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၉၀ ဒသမ ၃ သန်းရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လတွင် ဒေါ်လာ ၂၅၇ ဒသမ ၇ သန်း ရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါ က ၂၀၂၂ ခုနှစ် မတ်လ၌ သဘာဝဓာတ်ငွေ့တင်ပို့မှု မှရရှိငွေမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ  ၃၂ ဒသမ ၆ သန်း ပိုမိုရရှိခဲ့သည်။

၂၀၂၁ ခုနှစ် ၁၂ လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်း ရရှိခဲ့ပြီး နိုဝင်ဘာတွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာသန်း ၃၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီတွင် ဒေါ်လာ ၂၃၂ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၂၃၆ ဒသမ ၇ သန်း၊ မတ်လတွင် ဒေါ်လာ ၂၅ရဒသမ ၇ သန်း၊ ဧပြီ တွင် ဒေါ်လာ ၂၂၉ ဒသမ ၂ သန်း၊ မေလတွင် ဒေါ်လာ ၂၄၅ ဒသမ ၁ သန်း၊ ဇွန်လတွင် ဒေါ်လာ ၂၄၆ ဒသမ ၂ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၂၇၈ ဒသမ ၄ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၂၈၄ ဒသမ ၀ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၂၈၅ ဒသမ ၆ သန်း၊ အောက်တိုဘာတွင် ဒေါ် လာ ၂၈၀ ဒသမ ၃ သန်း၊ နိုဝင်ဘာ တွင် ဒေါ်လာ ၃၀၀ ဒသမ ၈ သန်း၊ ဒီဇင်ဘာတွင် ဒေါ်လာ ၂၇၄ ဒသမ ၂ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်းရရှိခဲ့ခြင်းဖြစ် သည်။

၂၀၂၂ ခုနှစ် ဇန်ဝါရီတွင် ဒေါ် လာ ၂၇၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါ ရီတွင် ဒေါ်လာ ၂၉၀ ဒသမ ၂ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဝင် ငွေဒေါ်လာ ၃ ဒသမ ၅ ဘီလျံကျော် ရရှိခဲ့ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်ထက် ဝင်ငွေဒေါ်လာသန်း ၄၂၀ ခန့် လျော့ကျခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာ ရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်က ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာမှ ၂၀၂၀ ခု နှစ် စက်တင်ဘာအထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့ မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၀၆ ဘီလျံ (ဒေါ်လာ ၃၅၀၆ ဒသမ ၆၂ သန်း) ရရှိထားသည်။


READ NEXT
Cancel OK