မိုင်းကြတ်ဂူအတွင်း သုံးနှစ်သုံးလသုံးရက် တရားကျင့်ကြံခဲ့သည့် မိုင်းဖုန်းဆရာတော် ဂူအတွင်းမှ ပြန်လည်ကြွချီလာပြီး အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
ကျေးဇူးတော်ရှင် အရညဝါသီ ဘန္ဒန္တဉာဏသံဝရ ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော်ကြီးသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင်းရှိ မိုင်းကျတ်ဂူတွင် သုံးနှစ်၊ သုံးလ သုံးရက် အဓိဌာန် ဂူအောင်း တရားကျင့်ကြံပြီး အောင်မြင်၍ ဂူတွင်းမှ ထွက်လာမည့် ဆရာတော်ကြီးကို ရဟန်းရှင်လူ ပရိသတ်လူဦးရေ သောင်းကျော်တို့က ကြိုတင်စောင့်ဆိုင်းနေကြောင်း သိရသည်။
ဆရာတော်သည် ၂၀၁၉ ခုနှစ် ဧပြီလမှစ မိုင်းကျတ်လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန် ဂူအောင်းတရား ကျင့်ကြံခဲ့ခြင်းဖြစ်သည်။
ဆရာတော်မှာ မိုင်းကြတ် အောက်ဂူတွင် ရဟန်းရှင်လူ ခုနှစ်ရက်သားသမီးများအတွက် ငါးရက်တာ အဖူးမျှော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းဖုန်းဆရာတော်ကြီးကို ဖူးမျှော်နိုင်ရန်အတွက် ဇူလိုင်လဆန်းမှစတင်၍ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများနှင့် ထိုင်းနိုင်ငံတွင်းရှိ ဘုရားဖူးအများအပြား လူဦးရေ သောင်းကျော် လာရောက်ကာ ကြိုတင်စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။
ဒေသတွင်းမီဒီယာများနှင့် ထိုင်းလူမှုကွန်ရက်များ ဖော်ပြချက်အရ လူဦးရေ တစ်သိန်းကျော်အထိ လာရောက်မည်ဟု ခန့်မှန်းထားကြောင်း ဆိုကြသည်။
မိုင်းကြတ်ဂူ ပတ်ဝန်းကျင် တစ်ဝိုက်ကိုလည်း သွားလမ်းလာလမ်း အဆင်ပြေချောမွေ့စေရန် လမ်းခင်းခြင်း၊ ရှင်းလင်းခြင်းများကို လွန်ခဲ့သော လများစွာမှပင် ကြိုတင်ဆောင်ရွက်ထားရကြောင်း သိရသည်။
အဆိုပါ မိုင်းကြတ်ဂူသည် ဒုတိယကြိမ်မြောက် သုံးနှစ် သုံးလ သုံးရက် အဓိဌာန်ဝင်သော ဂူနေရာဖြစ်ပြီး၊ ဆရာတော်သည် သက်တော် (၁၁) နှစ်အရွယ်မှစတင်၍ ရှင်သာမဏေပြုခဲ့ကြောင်း၊ ဆရာတော်သည် ရှင်သာမဏေဘဝမှာပင် ဝါတွင်း သုံးလရောက်တိုင်း သစ်သီးဆွမ်း ဘုဉ်းပေးခဲ့ကြောင်း၊ အမြဲတမ်း ဂူအောင်းတရားကျင့်ကြံပါကြောင်း၊ တစ်လတစ်ကြိမ် မိုင်းဖုန်းဆရာတော်ထံ ဝင်ထွက်နေသော လွယ်တိန်းခမ်းဘုရားကျောင်း၊ မူဆယ်မြို့မှ တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္တ (စဝ်စုခမ်း၊ တန့်ယန်း) ဆရာတော်၏ အင်တာဗျူးဖြေကြားချက်အရ သိရသည်။ မိုင်းကျတ်ဂူသည် မိုင်းဆတ်မြို့နယ်နှင့် မိုင်းပျဉ်းမြို့ နယ်နိမိတ်နယ်စပ်ချောင်းဖြစ်သော ချောင်းအနီးတွင် တည်ရှိခြင်းဖြစ်သည်။
ဆရာတော် ဂူထွက်မည်ကို လာရောက်ဖူးမျှော်ကြသော ပရိသတ်အပေါင်းတို့ နေထိုင်စားသောက်နိုင်ရန် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ၏ စတုဒီသာထမင်းကျွေး ဧည့်ရုံပေါင်း ၅၀ ကျော်ရှိပြီး အခမဲ့စနစ်ဖြင့် မနက်စာ၊ နေ့လည်စာ၊ ညစာနှင့် အဆာပြေစာတို့ကိုလည်း အခမဲ့စိတ်ကြိုက်စားစနစ်ဖြင့် ကျွေးမွေးခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အခမဲ့ဆေးကုသခန်းများကိုလည်း ပြင်ဆင်ထားပြီး လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများလည်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
