Top News

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ကျိုက္ကော်ရပ်ကွက် ရန်ကုန် - မော်လမြိုင် ကားလမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာများရရှိ
24htopnews | October 5, 2024 12:12 AM CST

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ကျိုက္ကော်ရပ်ကွက် ရန်ကုန် - မော်လမြိုင် ကားလမ်းတွင် ဇူလိုင်လ (၃၁) ရက်၊ မွန်းလွဲ (၁) နာရီ (၃၀) မိနစ်အချိန်ခန့်က ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့ သထုံမြို့နယ် ကတိုက်ကြီးကျေးရွာနေ စကစ် (၃၆) နှစ် မောင်းနှင်ပြီး နောက်တွင် ကျိုက္ကော်ရပ်ကွက်နေ ဒေါ်သေးသေး (၅၉) နှစ် လိုက်ပါလာသည့် Dream – 125 မော်တော်ဆိုင်ကယ်မှာ ရန်ကုန် - မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၃၈/၇) နှင့် (၁၃၈/၀) ကြားအရောက်တွင် လမ်းဖြတ်ကူးနေသည့် ကျိုက္ကော်ရပ်ကွက် ဘုရားကြီးလမ်းနေ ဒေါ်မြင့်မြင့်ဝင်း (၅၃) နှစ်အားဝင်ရောက်တိုက်မိပြီး တစ်ဖက်ယာဉ်ကြောအတွင်းသို့ ရောက်ရှိကာ သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်နေ ကိုဖြိုးဇော်ဦး (၃၆) နှစ် မောင်းနှင်လာသည့် MITSUBISHI CANTER အမျိုးအစား ယာဉ်အားမျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်က ကားအောက်ကိုရောက်သွားပြီးတော့ (၇၅) ပေလောက်ပါသွားတယ်။ ဆိုင်ကယ်မောင်းသမားကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ ဆိုင်ကယ်ပေါ်မှာပါလာတဲ့ အမျိုးသမီးကြီး နဲ့ ဆိုင်ကယ်အတိုက်ခံရတဲ့ အမျိုးသမီး တို့ကတော့ ဒဏ်ရာသိပ်မပြင်းထန်ဘူးလို့ သိရပါတယ် ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးခဲ့သူနှင့် ထိလိုက်ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးနှစ်ဦးတို့အား လူမှုကူညီကယ်ဆယ်ရေးအသင်းများမှ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ် နှင့် ပတ်သက်ပြီး မော်တော်ဆိုင်ကယ်မောင်းနှင်သူ စကစ် (သေဆုံးခဲ့သူ) အပေါ် သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

Photo - ပီတိနှလုံးသား လူမှုကူညီရေးအသင်း


READ NEXT
Cancel OK