ကျေးဇူးတော်ရှင် အရညဝါသီ ဘန္ဒန္တ ဉာဏသံဝရ ၊ အဂ္ဂမဟာ ကဌာနာစရိယ မိုင်းဖုန်းဆရာတော်ကြီးသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင်းရှိ မိုင်းကျတ်ဂူတွင် သုံးနှစ်၊ သုံးလ သုံးရက် အဓိဌာန် ဂူအောင်း တရားကျင့်ကြံပြီး အောင်မြင်၍ ဂူတွင်းမှ ထွက်လာမည့် ဆရာတော်ကြီးကို ရဟန်းရှင်လူ ပရိသတ် လူဦးရေ သောင်းကျော်တို့သည် ကြိုတင်စောင့်ဆိုင်းနေကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဧပြီလမှစ မိုင်းကျတ် လှိုဏ်ဂူထဲတွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဌာန် ဂူအောင်းတရားကျင့်ကြံခဲ့ခြင်း ဖြစ်ကာ၊ ၂၀၂၂ ခုနှစ် ဇူလိုင်လ(၃၁) ရက်တွင် အဓိဌာန်ရက် ပြည့်မြောက်ပြီ ဖြစ်၍ ဂူတွင်းမှ ထွက်ကာ ခုနှစ်ရက်သားသမီး ဝေနေယျ အပေါင်းတို့၏ အပူဇော်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် မိုင်းကျတ်ဂူတွင်းမှ ထွက်လာမည့် မိုင်းဖုန်းဆရာတော်ကြီး ကို ရဟန်း ရှင်လူ အများအပြား တို့မှ ဇူလိုင်လဆန်းမှ စတင်၍ ကြိုတင် စောင့်ဆိုင်းနေကြခြင်း လည်း ဖြစ်သည်။
မိုင်းကြတ် အောက်ဂူတွင် ရဟန်းရှင်လူ ခုနှစ်ရက်သားသမီးများအတွက် ငါးရက်တာ အဖူးမျှော်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းဖုန်း ဆရာတော်ကြီးကို ဖူးမျှော်နိုင်ရန် အတွက် ဇူလိုင်လဆန်းမှ စတင်၍ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများနှင့် ထိုင်းနိုင်ငံတွင်းရှိ ဘုရားဖူး အများအပြား လူဦးရေ သောင်းကျော် လာရောက် ကာ ကြိုတင် စောင့်ဆိုင်း နေကြခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသတွင်း မီဒီယာများနှင့် ထိုင်းလူမှုကွန်ရက်များ ဖော်ပြချက်အရ လူဦးရေ တစ်သိန်းကျော် အထိ လာရောက်မည်ဟု ခန့်မှန်းထားကြောင်း ဆိုကြသည်။
မိုင်းကျတ်ဂူ ပတ်ဝန်းကျင် တစ်ဝိုက်ကိုလည်း သွားလမ်းလာလမ်း အဆင်ပြေချောမွေ့စေရန် လမ်းခင်းခြင်း၊ ရှင်းလင်းခြင်းများကို လွန်ခဲ့သော လများစွာမှပင် ကြိုတင်ဆောင်ရွက် ထားရကြောင်း သိရသည်။
အဆိုပါ မိုင်းကျတ်ဂူသည် ဒုတိယကြိမ်မြောက် သုံးနှစ် သုံးလ သုံးရက် အဓိဌာန် ဝင်သော ဂူနေရာဖြစ်ပြီး၊ ဆရာတော်သည် သက်တော် (၁၁) နှစ် အရွယ်မှ စတင်၍ ရှင်သာမဏေပြုခဲ့ကြောင်း၊ ဆရာတော် သည် ရှင်သာမဏေ ဘဝမှာပင် ဝါတွင်း သုံးလ ရောက်တိုင်း သစ်သီးဆွမ်း ဘုဉ်းပေးခဲ့ကြောင်း၊ အမြဲတမ်း ဂူအောင်းတရားကျင့်ကြံပါကြောင်း၊ တစ်လတစ်ကြိမ် မိုင်းဖုန်း ဆရာတော် ထံ ဝင်ထွက်နေသော လွယ်တိန်းခမ်းဘုရားကျောင်း၊ မူဆယ်မြို့ မှ တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္တ (စဝ်စုခမ်း ၊ တန့်ယန်း) ဆရာတော် ၏ အင်တာဗျူး ဖြေကြားချက် အရသိရသည်။
မိုင်းကျတ်ဂူသည် မိုင်းဆတ်မြို့နယ် နှင့် မိုင်းပျဉ်းမြို့ နယ်နိမိတ် နယ်စပ်ချောင်း ဖြစ်သော ချောင်း အနီးတွင် တည်ရှိခြင်း ဖြစ်သည်။
ဆရာတော် ဂူထွက်မည်ကို လာရောက်ဖူးမျှော်ကြသော ပရိသတ် အပေါင်း တို့ နေထိုင်စားသောက်နိုင်ရန် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ၏ စတုဒီသာ ထမင်းကျွေး ဧည့်ရုံပေါင်း ၅၀ ကျော် ရှိပြီး အခမဲ့ စနစ်ဖြင့် မနက်စာ၊ နေ့လည်စာ၊ ညစာ နှင့် အဆာပြေစာ တို့ကိုလည်း အခမဲ့ စိတ်ကြိုက်စား စနစ်ဖြင့် ကျွေးမွေးခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အခမဲ့ ဆေးကုသခန်း များကိုလည်း ပြင်ဆင်ထားပြီး လိုအပ်သော ကျန်းမာရေး ဝန်ဆောင်မှုများလည်း ဆောင်ရွက်ပေး နေကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းကျတ်ကျေးရွာအနီးရှိ မိုင်းကျတ်အထက်ဂူတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၂၈ ရက်မှစတင်၍ အဓိဋ္ဌာန်ပြု တရားကျင့်ကြံအားထုတ်ခဲ့ခြင်း ဖြစ်ပါသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
