Top News

၄၁ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် အက္ခရာ ၁၀ လုံးတွင် ထီစာအုပ်သုံးသိန်းကျော် ရောင်းချခဲ့
24htopnews | October 5, 2024 12:12 AM CST

၄၁ ကြိမ်မြောက် အောင်ဘာလေသိန်းဆု ဖွင့်ပွဲအတွက် အက္ခရာ ၁၀ လုံးတွင် ထီစာအုပ် သုံးသိန်းကျော် (၃၂၅၆၀၀ အုပ်) ရောင်းချခဲ့ ကြောင်း ဇူလိုင် ၃၁ ရက်က အောင်ဘာလေသိန်း ဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် သြဂုတ် ၁ ရက်တွင် ကျင်းပမည့် ၄၁ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအ တွက် ထီလက်မှတ်များကို ‘က’ အက္ခရာမှ အ စဉ်လိုက် ‘ည’ အထိ စုစုပေါင်းအက္ခရာ ၁၀ လုံး နှင့် ထီစာအုပ် ၃၂၅၆၀၀ အုပ် ရောင်းချနိုင်ခဲ့ ကြောင်း သိရသည်။

ဆက်လက်ပြီး ထီလက်မှတ်များရောင်းချ ရငွေမှာ ကျပ် ၃၂၅၆ သန်း ဖြစ်သဖြင့် ရာခိုင် နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့်ထီဆုငွေမှာ ကျပ် သန်း ၂၂၇၉ ဒသမ ၂၀၀ ဖြစ်ကြောင်း၊ အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့်ထီဆုငွေများမှာ အထူးဆု ကြီးစနစ်တွင် ကျပ်သိန်းငါးထောင်တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင်တစ်ဆုသာ ပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ နှစ် ဆု၊ ကျပ်သိန်းနှစ်ရာ ခြောက်ဆု၊ ကျပ်သိန်းတစ် ရာ ခုနစ်ဆု၊ ကျပ်သိန်းငါးဆယ် ၁၁ ဆု၊ ကျပ် သိန်းနှစ်ဆယ် ၁၄ ဆု၊ ကျပ်ဆယ်သိန်း ၁၁ ဆု နှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၅၀ ဆု၊ ကျပ်နှစ်သိန်း ၄၀၀ ဆု၊ ကျပ်တစ်သိန်း ၁၂၀၀၀ ဆု စသည့်ဆုမဲများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၉ ဒသမ ၃၅၀ ကို ကျပ် ၁၀ သိန်း ခြောက်ဆု၊ ကျပ်သုံးသိန်း ၁၀ ဆု၊ ကျပ်နှစ်သိန်း ၁၀၀ ဆု ကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


READ NEXT
Cancel OK