Top News

သြဂုတ် ၁ ရက်တွင် မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်-ဆင်းခွန်ဂိတ်မှ ကုန်သွယ်မှု ပြန်လည်စတင်မည်ဟုဆို
24htopnews | October 5, 2024 12:12 AM CST

သြဂုတ် ၁ ရက်တွင် မြန်မာ-ထိုင်းနယ်စပ် ရှိ မောတောင်-ဆင်းခွန်ဂိတ်မှ ကုန်သွယ်မှုပြန် လည်စတင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံတာဝန် ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်မြို့နှင့် နယ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင် ဆင်းခွန်ဂိတ်တွင် ကုန်သွယ်မှု ပြန်လည်စတင်နိုင်ရန် ထိုင်းနိုင်ငံတ ွင် သြဂုတ် ၁ ရက်၌  ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁ ရက်တွင် ကုန်သွယ်မှု ပြန်လည် စတင်ထားမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့် ပတ် သက်သည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“မောတောင်-ဆင်းခွန်ဂိတ်ကနေ သြ ဂုတ် ၁ ရက်မှာ ကုန်သွယ်မှု ပြန်လည်စတင် တော့မှာပါ။ ထိုင်း နိုင်ငံဘက်ကနေ ပြန်လည် ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။ ကုန်သွယ်မှုကို နေ့စဉ် တနင်္လာနေ့မှ စနေနေ့အထိဆောင်ရွက် ခွင့်ပေးမယ်လို့ ပြောပါတယ်။ ကိုဗစ်ရောဂါအ ခြေအနေတွေကြောင့် ကုန်သွယ်မှုပိတ်ထား ရာကနေ ပြန်ဖွင့်ပေးမယ်။ ဒီတစ်အခါ ကုန် သွယ်မှုပြုလုပ်ရာမှာ အရင်က ကန့်သတ်ထား တဲ့ အေးခဲကုန်စည်တွေ၊ ရေခဲရိုက်ထားတဲ့ရေ ထွက်ကုန်တွေလည်း ပြန်လည်ခွင့်ပြုမယ်လို့သိ ရတယ်။ ဆွေးနွေးပွဲပြီးတဲ့အခါမှာ အသေးစိတ် ထပ်မံသိရှိရမှာပါ” ဟု နယ်စပ်ကုန်သွယ်မှုပြု လုပ်နေသည့်ကုန်သည်တစ်ဦးက ပြောကြား သည်။

နယ်စပ်ဂိတ်မှ ကုန်သွယ်မှု ပြန်လည်ဖွင့် လှစ်ပေးမည်ဖြစ်သော်လည်း လူအဝင်ထွက် များကို ခွင့်ပြုပေးဦးမည်မဟုတ်ဟု သိရသည်။

“အဓိကအချက်ကတော့ လူနေမှုနဲ့ စား ဝတ်နေရေးအတွက် ဖွင့်ပေးတာပါ။ တချို့ကုန် စည်တွေကို တိုးမြှင့်ကုန်သွယ်ခွင့်ပေးထားပေ မဲ့ တချို့ကုန်စည်တွေကတော့ ကန့်သတ်ထား ဆဲဖြစ်တယ်။ လူနေမှုနဲ့မပတ်သက်တဲ့ကုန်စည် တွေကိုတော့ ခွင့်ပြုပေးဦးမှာမဟုတ်ဘူး။ အသေး စိတ်တော့ မသိရသေးဘူး” ဟု နှစ်နိုင်ငံကုန်သွယ်မှုဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

မောတောင်နယ်စပ်ဂိတ်မှာ မြန်မာနိုင်ငံ ဘက်က အမြဲတမ်းဂိတ်တစ်ခုဖြစ်သော်လည်း ထိုင်းနိုင်ငံဘက်မှ ဆင်းခွန်ဂိတ်မှာ အထူးယာ ယီနယ်စပ်ဂိတ်အဆင့်သာ ဖြစ်သည့်အတွက် ကုန်သွယ်မှုနှင့် လူဝင်လူထွက်ကိစ္စရပ်များမှာ ကန့်သတ်မှုများရှိခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-ထိုင်းနယ်စပ် မောတောင်-ဆင်း ခွန်ဂိတ်မှာ ၂၀၂၂ ခုနှစ် မတ်လမှစတင်ပြီး ကုန် သွယ်မှုရပ်တန့်နေရာ ပြန်လည်စတင်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရသည်။ မော တောင်နယ်စပ်ဂိတ်မှာ မြိတ်မြို့မှ မိုင် ၁၀၀ ကျော် သာကွာဝေးပြီး နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံ ဘန် ကောက်မြို့အထိ ကီလိုမီတာ ၂၀၀ ကျော် (လေး နာရီခရီးခန့်သာ ) သာ ကွာဝေးသည့်အတွက် ကုန်သွယ်မှု အလားအလာရှိသည့် နယ်စပ်ဂိတ် တစ်ခုဖြစ်ကြောင်း သိရသည်။ 

ဇော်မိုးဦး (မြိတ်)


READ NEXT
Cancel OK