Top News

ဘီးလင်းမြို့နယ် နှင်းပုလဲ ကျေးရွာအနီး ရထားလမ်း မိုင်းခွဲခံရသည့်အတွက် ရထားလမ်းပျက်စီးပြီး ရထားတွဲ နှစ်တွဲ လမ်းချော်ခဲ့
24htopnews | October 5, 2024 12:12 AM CST

ဇူလိုင် ၃၁ ရက်၊ ည ၁၁ နာရီ ခန့်က မော်လမြိုင် မှ ရန်ကုန် သို့ထွက်ခွာလာသော လူစီးမီးရထားမှာ ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာအနီး ရထားလမ်းမိုင်းခွဲခံရသည့်အတွက် ရထားလမ်းပျက်စီးမှုဖြစ်ပြီး ရထားတွဲ နှစ်တွဲ လမ်းချော်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရထားလမ်း မိုင်းခွဲခံရပြီး၊ ရထားသံလမ်းပျက်စီးခဲ့ကာ၊ ရထားတွဲ နှစ်တွဲလမ်းချော်ခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

ရထားလမ်းမိုင်းခွဲခံရတဲ့နေရာ သထုံမြို့နယ် ဒုံဝန်းဘူတာ နဲ့ ဘီးလင်းမြို့နယ် နှင်းပုလဲ ဘူတာကြားမှာဖြစ်သွားတာလို့ သိရတယ်။ ရထားလမ်းပျက်စီး ခဲ့လို ရထားနှစ်တွဲ လမ်းချော်သွားတယ်လို့လည်း သိရပါတယ်။ ရထားလမ်းကို အားချင်းပြန်ပြင်ဆင်လိုက်ကြတဲ့အတွက် ပုံမှန်ပြန်သွားလာလို့ရနေပြီးလို့ သိရပါတယ် ဟု ဒေသခံတစ်ဦး ကပြောကြားသည်။

ထို့အပြင် ဩဂုတ် (၂) ရက် နံနက်ပိုင်းကလည်း အဆိုပါ သထုံမြို့နယ် ဒုံဝန်းဘူတာနှင့် ဘီးလင်းမြို့နယ် နှင်းပုလဲ ဘူတာကြားရှိ ရထားလမ်း ချောင်းကူးတံတားတစ်ခုတွင် မိုင်းထောင်ထားသည့်အတွက် သက်ဆိုင်ရာမှ ရှင်းလင်းမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် (၂၀၂၁) ခုနှစ် နိုဝင်ဘာလ (၅) ရက် ညပိုင်းကလည်း ပေါင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု မုကျိကျေးရွာ မဟာဗောဓိပေါ်တော်မူစေတီတော်အနောက်ဘက်အနီးရှိ  ရန်ကုန် - မော်လမြိုင် မီးရထားလမ်း တံတားအမှတ် (၁၂၅) မှာ မိုင်းဖောက်ခွဲဖျက်ဆီးခံခဲ့ရဖူးကြောင်း သိရသည်။

 

 


READ NEXT
Cancel OK