YBS 94 ယာဥ်ခိုးယူသူက ယာဥ်တိုက်မှုများကျူးလွန်ရာ ၁၂ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်း ဖြစ်စဥ်ကိုသွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှသိရသည်။
ဂက်စ်ဖြည့်ရန်တန်းစီနေသည့် YBS 94 ယာဥ်ခိုးယူခံရကြောင်း လူထုမိတ်ဆွေအကျိုးပြုယာဥ်လိုင်းကသတင်းထုတ်ပြန်သည်။
သြဂုတ် ၂ ရက် နံနက် ၃ နာရီခွဲက YBS 94 ယာဥ်လိုင်းမှယာဥ်တစ်စီးသည် ရွှေပြည်သာကွေ့ CNG ဂက်စ်ဆိုင်တွင် ဂက်စ်ဖြည့်ရန်တန်းစီခဲ့ကြောင်း၊ ယာဥ်မောင်းမှ တန်းစီရသည့်အခြေအနေကို သွားရောက်မေးမြန်းစဥ်အမည်မသိသူတစ်ဦးက ယာဥ်ကိုခိုးယူမောင်းနှင်ခဲ့ကြောင်း သိရသည်။
ခိုးယူသူက ယာဥ်အားမောင်းနှင်ရာ ယာဥ်တိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
" အဲ့ဒီယာဥ်က လိုက်ထရပ်ကို ဝင်တိုက်တာ ၁၂ နှစ်အရွယ်ကလေးတစ်ယောက်က ပွဲချင်းပြီးဆုံးတယ်။ ကျန်တဲ့လူကြီး သုံးယောက်က အနီရောင်အဆင့်။ အဲ့ဒီထဲကတစ်ယောက်က ဆေးရုံမှာထပ်ဆုံးတယ်။ နောက်ပြီး စိတ်မနှံ့တဲ့သူတစ်ယောက်ကိုလည်း ထပ်တိုက်သေးတယ်။ သူလည်းပွဲချင်းပြီးဆုံးတယ်" ဟု လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ယာဥ်တိုက်မှုမှာ ဒညင်းကုန်းလမ်းဆုံအနီးနှင့် အင်းစိန်ဖော့ကန်အနီးတွင် ဖြစ်ပွားခဲ့ပြီး၊ ယာဥ်တိုက်မှုများမှာ
နံနက် ၄ နာရီကျော်တွင်ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ခိုးယူခံရသည့်ယာဥ်ကို လိုက်လံရှာဖွေရာဂျပန်လမ်းမှတ်တိုင်အနီး လမ်းပြောင်းပြန်အနေအထားဖြင့် ဓာတ်တိုင်များဝင်တိုက်ကာ ရပ်တန့်နေကြောင်း၊ ထပ်မံသိရှိရသည့်အချက်အလက်အရ ဒညင်းကုန်းလမ်းဆုံတွင်လည်းအခြားယာဥ်တစ်စီးကိုဝင်တိုက်ခဲ့ကြောင်း သိရသည်။
မော်တော်ယာဥ်ကို ခိုးယူမောင်းနှင်သူကို ဖမ်းဆီးရမိပြီး ရွာမယာဉ်မှုစစ်ရုံးတွင် ထိန်းသိမ်းထားကြောင်း အသိပေးပန်ကြားအပ်သည်ဟု ယာဥ်လိုင်းကထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
