မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြသလွန်စေတီတော်၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကိုသီတင်းကျွတ်လဆန်း (၁ဝ) ရက်မှ လပြည့်ကျော် (၁၄) ရက်ထိ ရက် (၂၀) ကြာကျင်းပမည်ဖြစ်ကြောင်း စေတီတော်၏ ဂေါပကအဖွဲ့ထံမှ သိရသည်။
မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကိုနှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင်လည်း သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီး (၉၀၀၀)၊ ပန်း (၉၀၀၀)၊ နံသာ (၉၀၀၀) ပူဇော်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင် မြန်မာ့ရိုးရာ အစားအစာ၊ လူသုံးကုန်၊ တောင်သူသုံးပစ္စည်း၊ ပရိဘောဂ ပစ္စည်းနှင့် ဒေသထွက်ကုန်ပစ္စည်းအမျိုးမျိုးတို့ ဈေးဆိုင်ခန်းပေါင်း (၁၀၀၀) ကျော်ဖြင့် ခင်းကျင်းရောင်းချမည်ဖြစ်သည်။
ယင်းပွဲတော်သို့ မကွေးမြို့မှသာမက မင်းဘူး၊ စကု၊ ရေနံချောင်း မြို့နယ်များမှ ဘုရားဖူးများလည်း လာရောက်လေ့ရှိကြောင်း သိရပြီး သီတင်းကျွတ်လပြည့်နေ့သည် နှစ်စဉ်နှစ်တိုင်း အစည်ကားဆုံးဖြစ်ကြောင်း သိရသည်။
COVID 19 ရောဂါ ဖြစ်ပွားစဉ်ကတည်းက ဈေးဆိုင်ခန်းများဖြင့် မကျင်းပနိုင်ခဲ့သည့် မြသလွန်စေတီတော်မြတ်ကြီး ဘုရားပွဲတော်ကို ၂၀၂၃ ခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – MOI

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
