ကာတာနိုင်ငံ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ(၃) ရက်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ)၏ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲ/ အစိုးရအဖွဲ့အကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များကို မြန်မာနိုင်ငံအစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် အထွေထွေ ရွေးကောက်ပွဲကျင်းပရေး ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် ၂၀၂၅ ခုနှစ် အေစီဒီ ဥက္ကဋ္ဌသစ်အဖြစ် လွှဲပြောင်းတာဝန်ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအား အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေး၌ အေစီဒီအဖွဲ့ဝင် နိုင်ငံများက အေစီဒီ ထိပ်သီးအစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ကာတာနိုင်ငံက သတ်မှတ်ထားသည့် ဘာသာရပ်ခေါင်းစဉ်ဖြစ်သည့် “အားကစားရေးရာ သံတမန်ဆက်ဆံရေး” အပေါ် ကြိုဆိုခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် ကိုယ်စားလှယ်အဖွဲ့အသီးသီးက သက်ဆိုင်ရာ နိုင်ငံအလိုက် မိန့်ခွန်းများ ပါဝင်ပြောကြားခဲ့ကာ အစည်းအဝေးရလဒ်အဖြစ် “ဒိုဟာ ကြေညာချက်” ကို အဖွဲ့ဝင်နိုင်ငံများ အားလုံး၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့ကြောင်း သိရသည်။
အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ကို ၂၀၀၂ ခုနှစ်၊ ဇွန်လက ထိုင်းနိုင်ငံ၊ ချာအမ်းမြို့၌ စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး လက်ရှိ အေစီဒီ၌ ဒေသတွင်း အုပ်စုကြီး (၅) ခုဖြစ်သည့် အရှေ့တောင်အာရှအုပ်စု၊ တောင်အာရှအုပ်စု၊ အနောက်အာရှအုပ်စု၊ ဗဟိုအာရှအုပ်စုနှင့် အရှေ့အာရှအုပ်စု တို့ကို အသီးသီး ကိုယ်စားပြုသည့် အဖွဲ့ဝင်နိုင်ငံ (၃၅) နိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံမှာ အေစီဒီ စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
