သဘာဝဘေးကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ယာယီရပ်နားထားရသည့် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားများနှင့် စာပို့ရထားခရီးစဉ်များကို အောက်တိုဘာလ(၃)ရက်ကစတင်ပြီး ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။
ယာဂီမုန်တိုင်း၏ နောက်ဆက်တွဲကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန်-မန္တလေးရထားလမ်းမကြီး၏ ရထားလမ်း တာပေါင်နေရာများ ရေတိုက်စားကာ ပျက်စီးခဲ့သောကြောင့် စက်တင်ဘာလ(၁၁) ရက်နေ့တွင် ခရီးစဉ်များ ယာယီရပ်ဆိုင်းထားရခြင်း ဖြစ်သည်။
လက်ရှိတွင် သဲတော- သပြေတောင်းအကြား အဆန်လမ်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကာ ရန်ကုန်-မန္တလေး ခရီးစဉ်အမှတ် (၁၁) အဆန်၊ အမှတ်(၁၂) အစုန်လူစီးအမြန် ရထားများနှင့် အမှတ်(၁)အဆန်၊ အမှတ်(၂)အစုန် စာပို့ရထား ခရီးစဉ်များကိုလည်း မူလပြေးဆွဲချိန်များအတိုင်း ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်သည်ဟု သိရသည်။
ထို့အပြင် ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန် ကုန်ရထားများကိုလည်း အောက်တိုဘာ (၄) ရက်ကစတင်ကာ ပုံမှန်ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်းလည်း မြန်မာ့မီးရထားထံမှ သိထားရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
