ကာတာနိုင်ငံ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယမန်နေ့ အောက်တိုဘာ ၃ တွင် ကာတာနိုင်ငံဒိုဟာမြို့၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်နေသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အေစီဒီလက်ရှိဥက္ကဋ္ဌ အီရန်နိုင်ငံ၏ခေါင်းဆောင်မှုကို အသိအမှတ်ပြုပါကြောင်းနှင့် ၂၀၂၅ ခုနှစ် အေစီဒီဥက္ကဋ္ဌသစ်အဖြစ် လွှဲပြောင်းတာဝန်ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုပါကြောင်းပြောကာ မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအား အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
ထို့အပြင် အစည်းအဝေးအတွင်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည်၎င်းတို့၏သက်ဆိုင်ရာနိုင်ငံအလိုက်ဖြစ်ပေါ် တိုးတက်မှုများကိုလည်း ထည့်သွင်း ဆွေးနွေးပြောကြားခဲ့ကြကြောင်းလည်း သိရသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးအတွင်း နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အေစီဒီအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲ/ အစိုးရအဖွဲ့အကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခဲ့သေးသည်။
အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ကို ၂၀၀၂ ခုနှစ်၊ ဇွန်လက ထိုင်းနိုင်ငံ၊ ချာအမ်းမြို့၌ စတင်ဖွဲ့စည်းထူထောင်ခဲ့ပြီး လက်ရှိတွင် ဒေသတွင်းအုပ်စုကြီး (၅) ခုဖြစ်သည့် အရှေ့တောင်အာရှအုပ်စု၊ တောင်အာရှအုပ်စု၊ အနောက်အာရှအုပ်စု၊ ဗဟိုအာရှအုပ်စုနှင့် အရှေ့အာရှအုပ်စုတို့ကို အသီးသီးကိုယ်စားပြုသည့် အဖွဲ့ဝင်နိုင်ငံ (၃၅) နိုင်ငံ ပါဝင်သည်။ မြန်မာနိုင်ငံသည် အေစီဒီစတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။
အာရှနိုင်ငံများအကြား အပြန်အလှန် အမှီသဟဲပြုရေးကို မြှင့်တင်သွားရန်နှင့် အာရှတိုက်မှ အာရှအသိုက်အဝန်းအဖြစ်သို့ ပြောင်းလဲရန်ရည်ရွယ်လျက် အေစီဒီကို ဖွဲ့စည်းထားခြင်းဖြစ်ကာ အေစီဒီအတွင်းရေးမှူးရုံးကို ကူဝိတ်မြို့၌ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
