မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ရေဘေးသင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအား အလှူငွေများလှူဒါန်းနိုင်ရန် အသိပေးနှိုးဆော်မေတ္တာရပ်ခံစာ၌ ရေးသားထားသည်။
အဆိုပါ အသိပေးနှိုးဆော်မေတ္တာရပ်ခံစာအား မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ၎င်း၏ အသင်းဝင် ကုမ္ပဏီလုပ်ငန်းရှင်များ အားလုံးသိရှိစေရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရေဘေးသင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ပံ့ပိုးကူညီနိုင်ရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဒုတိယအဆင့်အနေဖြင့် ပျက်စီးပြိုလဲနေအိမ်များကို ပြုပြင်ဆောက်လုပ်ရေးလုပ်ငန်းစဉ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များကို ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် အသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ရေဘေးသင့်သူများအား အသင်းသူ/အသင်းသားများနှင့် အလှူရှင်များမှလှူဒါန်းသည့် အလှူငွေများအနက်မှ ပထမအဆင့်ကို “လက်ကမ်းအလှူ ပက်ကေ့ချ်” အစီအစဉ်ဖြင့် ငွေကျပ်သိန်း(၁၀၀၀)မတည်ကာ အိမ်ထောင်စု(၁၀၀၀)အတွက် ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ ပဲ၊ ငါးခြောက်၊ ဒန်အိုး၊ ဒယ်အိုး၊ ဇလုံ၊ ဇွန်းတို့ပါဝင်သောစားသောက်ကုန်(၁၉)မျိုးကို လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်း စားသောက်ကုန်(၁၉)မျိုးအား နေပြည်တော်ရှိ စက်ရုံကျေးရွာ၊ သာယာစုကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာနှင့် ချောင်းကမ်းကြီးကျေးရွာ၊ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်တို့သို့ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
