အာဆီယံ-ဒါကာ ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထိုင်းသံအမတ်ကြီးမှ ဗီယက်နမ်သံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥက္ကဋ္ဌ တာဝန်များကို ဗီယက်နမ်သံအမတ်ကြီးမှ ဆက်လက်တာဝန်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
(၆၁) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို အောက်တိုဘာ (၃)ရက်၊ နံနက် (၁၁)နာရီခွဲမှ နေ့လယ် (၁၂)နာရီ၊ မိနစ် (၄၀)အထိ ဒါကာမြို့အခြေစိုက် ထိုင်းသံရုံး၌ ကျင်းပခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ ထိုင်းသံအမတ်ကြီး H.E. Mrs. Makawadee Sumitmor က အာဆီယံ-ဒါကာကော်မတီ၏ ဆောင်ရွက်ပြီးသည့် အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အာဆီယံ-ဒါကာကော်မတီ၏ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ဖြစ်သည့် ASEAN Family Day ကျင်းပရေးကိစ္စရပ်များအပြင် သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးပြီးနောက် အာဆီယံ-ဒါကာ ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား ထိုင်းသံအမတ်ကြီးမှ ဗီယက်နမ်သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
