ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ပိန်ကျေးရွာရှိ စစ်ရှောင်စခန်း(၄)ခုတွင် ခိုလှုံနေသည့် ဒေသခံစစ်ရှောင်များ အလှူရှင်မရှိသည့်အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်ကာ ကိုယ့်စရိတ်နှင့်ကိုယ်စားရသည့် အခြေအနေကြုံတွေ့နေရကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
ဒေသခံစစ်ရှောင်များမှာ နောင်ပိန်ကျေးရွာရှိ လူမှုကူညီရေးအသင်းရုံးအပါအဝင် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ခိုလှုံနေကြရပြီး၊ လက်ရှိတွင် စစ်ရှောင်ဦးရေ (၄၈၀)ကျော်အထိ ခိုလှုံနေကြရကြောင်းဆိုသည်။
“အဓိက ကတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်နေတယ်။ အလှူရှင်လုံးဝမရှိတော့တာကြောင့်ပါ။ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းမရတော့တာကြောင့် အလှူရှင်တွေအနေနဲ့လည်း လှမ်းလှူဒါန်းဖို့အခက်အခဲ ဖြစ်တာကြောင့်လည်းပါ ပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ရှောင်စခန်း (၄)ခုအနက် ပုဗ္ဗာရုံ ဓမ္မာရုံရှိ စစ်ရှောင်ကြသူများ ကိုယ့်စရိတ်နှင့်ကိုယ် စားနေရသည်မှာ (၁၂)ရက်ခန့်ရှိနေပြီး အခြား စခန်း (၃)ခုမှာလည်း နောက်(၂)ရက်အတွင်းစားနပ်ရိက္ခာများပြတ်တောက်ကာ ကိုယ့်စရိတ် နှင့်ကိုယ်စားရမည့်အခြေအနေတွင်ရှိနေကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ(၄)ရက် မွန်းလွဲပိုင်းအချိန်၌ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ အဆက်အသွယ်ပြန်ရရှိနေသည့်အတွက် အလှူရှင်ပေါ်ပေါက်လာပါက စားသောက်ရေးအခက်အခဲ ပြန်လည်အဆင်ပြေနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
