ကလောမြို့အနီး ကျောက်ဆောင်ကွေ့တွင် ရေကြီးမှုကြောင့် နေအိမ်များ ဆုံးရှုံးခဲ့ရသည့် လူဦးရေ ငါးဆယ်ခန့် အကူအညီလိုအပ်လျှက်ရှိသည်။
ကျောက်ဆောင်ကွေ့အနီးတွင် ရေကြီးမှုကြောင့် လမ်းမကြီးများ ပြိုကျပျက်ဆီးခဲ့ပြီး လမ်းမကြီးဘေးတွင် နေအိမ်ဆောက်ကာ နေထိုင်သည့် လူဦးရေငါးဆယ်ခန့်မှာ နေအိမ်များ ဆုံးရှုံးပျက်ဆီးခဲ့ရကြောင်း သိရသည်။
လမ်းမကြီးဘေးဖြစ်သဖြင့် လာရောက်ကူညီသူမရှိကြောင်း အဆိုပါ ကျောက်ဆောင်ကွေ့နေသူများထံမှ သိရသည်။
ကျောက်ဆောင်ကွေ့မှာ ကလောမြို့အဝင်အနီးတွင် တည်ရှိခြင်းဖြစ်ပြီး ကျောက်ဆောင်ကွေ့မှ ကလောမြို့သို့ သွားရန် နာရီဝက်ကျော်ခန့် ကြာမြင့်ကြောင်း သိရသည်။
"နာရီဝက်ကျော်လောက် မောင်းတာနဲ့ ကလောကို ရောက်ပြီ။ယင်းမာပင် ကျောက်ဆောင်ကွေ့ လမ်းမကြီးဘေးမှာ ဆောက်ထားတဲ့ အိမ်တွေပါ။လမ်းမကြီးဘေးမှာဆိုတော့ လှုတဲ့သူတွေက ကျော်သွားကြတာ။နေအိမ်က ခုနှစ်အိမ်ရှိတယ်။ကလေးတွေရော လူကြီးတွေရောဆို လူဦးရေက ငါးဆယ်လောက်ရှိတယ်။လမ်းဘေးမှာ အိမ်ဆောက်ပြီးနေကြသူတွေများတယ်။ရေကြီးတော့ လမ်းက ရေတိုက်စားပြီး ပြိုကျတာ"ဟု ကျောက်ဆောင်ကွေ့နေသူ တစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ၎င်းတို့နေထိုင်ရန်နှင့် အစားအသောက်အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
"အိမ်တွေက ပြိုကျသွားတော့ သူများအိမ်မှာ သွားနေနေရတယ်။အိမ်က ဘယ်လိုမှ ပြန်ဆောက်လို့ မရနိုင်တော့ပါဘူး။အလှုရှင်တွေက မသိတော့ ကျော်သွားကြတာ။လာရောက်လှုဒါန်းပေးဖို့ တောင်းဆိုချင်ပါတယ်"ဟုကျောက်ဆောင်ကွေ့နေသူ တစ်ဦးက ပြောကြားသည်။
စုစုပေါင်း နေအိမ်ခြောက်အိမ်ပျက်ဆီးဆုံးရှုံးခဲ့ပြီး ကျန်ရှိခဲ့သည့် နေအိမ် တစ်အိမ်အား ပြန်လည်ပြုပြင်ရန် ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းနှင့်အလှုရှင်များမှ ငွေကျပ်ဆယ်သိန်း လှုဒါန်းခဲ့သည်။
"ယိုင်သွားတဲ့အိမ်ကို ပြန်လည်ပြုပြင်ဖို့ ဆယ်သိန်းလှုဒါန်းခဲ့ပါတယ်။ဒီအိမ်ပြင်ပြီးရင် မိသားစုသုံးစုလောက် ပေါင်းနေဖို့ အဆင်ပြေသွားမှာပါ"ဟုရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် နေအိမ်ပျက်ဆီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုတစ်စုလျှင် အလှုငွေငါးသောင်းကျပ်နှင့်ခေါက်ဆွဲခြောက်များ ဆက်လက်လှုဒါန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
