ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ သောင်ရင်းမြစ်ရေသည် ယနေ့ အောက်တိုဘာ (၅)ရက်တွင် ပြန်လည်ကျဆင်းသွားပြီးဖြစ်သော်လည်း ရေဝင်ခဲ့သည့် အနိမ့်ပိုင်းရပ်ကွက်များ ရေတင်ကျန်ခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ယမန်နေ့ အောက်တိုဘာ (၄)ရက် ညနေ (၅)နာရီအချိန်ခန့်မှစတင်၍ သောင်ရင်းမြစ်ရေ မြင့်တက်လာပြီးနောက် အနိမ့်ပိုင်းရပ်နှင့် မြစ်ကမ်းဘေး ရပ်ကွက်အချို့ ရေဝင်ရောက်ခဲ့ကာ ယနေ့နံနက်အစောပိုင်းတွင် ရေပြန်လည်ကျဆင်းသွားကြောင်း ဆိုသည်။
“ရေက ဆက်မတက်တော့ ကျသွားပါပြီ။ ဒါပေမဲ့ ရေဝင်ခဲ့တဲ့ရပ်ကွက်တွေမှာ ရေတင်ကျန်ခဲ့တာပေါ့။ ရေထွက်ပေါက် မြောင်းတွေ ရေစီးရေလာမကောင်းတာကြောင့်ပါ။ ဖြည်းဖြည်းချင်းတော့ ကျနေပါတယ်။ အခု နှုန်းတွေ တင်ကျန်ခဲ့တော့ သန့်ရှင်းရေးထပ်လုပ်ရဦးမှာပေါ့”ဟု ၎င်းက ပြောသည်။
ယမန်နေ့က သောင်ရင်းမြင့်ရေ မြင့်တက်လာကာ မြစ်ကမ်းနဘေးရှိ ရပ်ကွက်များဖြစ်သည့် အမှတ်(၁)ရပ်ကွက် ခွန်ဆာဝန်း၊ အမှတ်(၂)ရပ်ကွက် သဲပုံဂိတ်၊ အမှတ်(၅)ရပ်ကွက် သရ က်ပင်ဂိတ်နှင့် ကျောက်ဖျာဂိတ်တို့ရှိ အနိမ့်ပိုင်းရကးပ်ကွက်များ ရေဝင်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။
သောင်ရင်းမြစ်ရေသည် ပြီးခဲ့သည့်ဇူလိုင်လအတွင်း တစ်ကြိမ်၊ စက်တင်ဘာလအတွင်း တစ်ကြိမ် မြင့်တက်ခဲ့ကာရေ ကြီးရေလျှံဖြစ်ပွားခဲ့ပြီး ၊ ယခု တစ်ကြိမ်ဖြစ်ဆိုလျှင် (၃)ကြိမ်မြောက် ရှိပြီဖြစ်သည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
