မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ရွှေအိုး (၂) ရပ်ကွက်၊ အပိုင်း (၃)၊ ရခိုင်ဘုရားကြီး မြောက်ဘက်လမ်းရှိ နေအိမ် တစ်အိမ်တွင် ထမင်းအိုးတည်ရာမှ တဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ ၎င်းနေအိမ်အတွင်း အိပ်ပျော်နေသည့် ကလေးငယ် (၂) ဦး မီးလောင်အသက်ဆုံးရှုံးခဲ့ရကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံများထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ (၄) ရက် နံနက် (၁၁) နာရီခန့်အချိန်တွင် နေအိမ်ပိုင်ရှင် အမျိုးသားမှ ထမင်းအိုးတည်ထားရာမှ အပြင်သို့ ထွက်သွားပြီးနောက် မီးဖိုချောင်မှစတင်၍ မီးကူးစက် လောင်ကျွမ်းရခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
အဆိုပါ မီးလောင်မှုကို အိမ်နီးချင်းများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြခြင်းကြောင့် မိနစ်(၂၀)ခန့်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး နေအိမ်ခြံဝန်းမှာ ကျယ်သောကြောင့် အခြားဘေးအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်း သိရသည်။
အခင်းဖြစ်ပွားရာအချိန်တွင် ကလေးငယ်၏ မိဘ(၂)ဦးနှင့် အဖွားဖြစ်သူတို့မှာ နေအိမ်တွင် မရှိဘဲ အပြင်သို့ ရောက်ရှိနေချိန်ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အသက် (၁) နှစ် (၂) လအရွယ်နှင့် အသက် (၃) နှစ်ကျော်အရွယ် ယောင်္ကျားလေး (၂) ဦး မီးလောင်အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ်နှင့် အိမ်အတွင်းပစ္စည်းများ အားလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
