ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက် စာသင်ကျောင်းအနီး ရပ်ထားသော ကားတစ်စီးအား အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်မှ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်း အမျိုးသားအား ဆေးရုံသို့ပို့ဆောင်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာ (၄)ရက်၊ညပိုင်းအချိန်က ၎င်းနေရာတွင်ကား နှင့် ဆိုင်ကယ်ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဒဏ်ရာရ လူနာရှိရာ လာရောက်ကူညီပေးပါရန် အကူညီတောင်းခံချက်အရ နာရေးကူညီမှုအသင်း အောင်ပန်းမှ ကူညီရန်သွားရောက်ခဲ့ကြောင်း သိရသည်။
“စာသင်ကျောင်းနား ရပ်ထားတဲ့ ကားကို လွယ်မယ်ရွာမှာနေတဲ့ အမျိုးသား စီးလာတဲ့ ဆိုင်ကယ်က အရှိန်နဲ့ တိုက်မိတာ ထိခိုက်ဒဏ်ရာတွေရလို့ ဆိုင်ကယ်ယာဉ်မောင်းကို အောင်ပန်းဆေးရုံ အရေးပေါ်ဌာန ပို့ပေးလိုက်ကြတယ်။ ဆိုင်ကယ်ကတော့ အတော်လေး ပျက်စီးသွားတာတွေ့ရတယ်”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံ တစ်ဦးက ပြောပြသည်။
ဖြစ်စဉ်နေရာအရောက် ဆိုင်ကယ်မောင်း အမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိထားရာ လိုအပ်သည့် ဆေးကုမှုများပေးပြီး အောင်ပန်းမြို့ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ အသင်းမှ လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
