အခြေခံပညာရေးဖြစ်သည့် Grade 11 နှင့် Grade 12 ၌ ကျောင်းသားကျောင်းသူများ ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များ ရရှိရေး သင်ကြားပို့ချရန်လိုအပ်သည်ကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၅ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်အတွက် အရည်အသွေးပြည့်ဝသည့် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးရေးတွင် ဆရာသည်သာ အခရာ ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံတော်တည်ဆောက်နိုင်ရန် ဥပဒေကို လူတိုင်းသိရှိလိုက်နာရမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ ဥပဒေပိုင်းဆိုင်ရာအခြေခံအသိအမြင်များရရှိနိုင်ရေးအတွက် ဆရာ ဆရာမများက သင်ကြားပေးရန် လိုအပ်သည့်အခြေအနေကိုလည်း ပြောသည်။
” တက္ကသိုလ်တွေမှာ ဥပဒေပညာရပ်ကိုသင်ကြားပေးနေသလို Grade 11 နဲ့ Grade 12 အတန်းတွေမှာလည်း ဥပဒေပိုင်းဆိုင်ရာအခြေခံအသိအမြင်တွေကို သင်ကြားပို့ချပေးကြရပါမယ်”ဟု ဆိုသည်။
မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်လျက်ရှိ၍ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် ပင်ကိုယ်အရည်အချင်း၊ စွမ်းရည်များပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရှင်သန်အားကောင်းနေရန်လိုအပ်သည်ဟုလည်း ပြောသည်။
ထို့ကြောင့်ဆရာတစ်ယောက်၏ ပညာအရည်အချင်းနှင့် စိတ်စေတနာတို့အပေါ်တွင် ကျောင်းသား၊ ကျောင်းသူတို့၏ ဘဝအကောင်းအဆိုးတည်မှီနေသဖြင့် ဆရာတို့တွင်ရှိအပ်သော ပညာအရည်အချင်း၊ စိတ်စေတနာနှင့် အကျင့်သိက္ခာတို့ကို အမြဲတစေဖြည့်ဆည်းထိန်းသိမ်း၍ “တပည့်များစွာ၊ ငါ့ထက်သာ၍၊ နေရာတိုင်းမှာ၊ အရေးပါ” ဆိုသည့်စကားနှင့်အညီ စည်းကမ်းရိုသေ အချိန်လေးစား၊ နိုင်ငံတော်အပေါ် သစ္စာစောင့်ထိန်းသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
