ယာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်ကာ ထိခိုက်၊ ပျက်စီးခဲ့သည့် သီးနှံများ ပြန်လည်စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် စိုက်ပျိုးရေးသွင်းအားစုများ အသုံးပြုနိုင်ရန် ထောက်ပံ့ငွေများ ပေးအပ်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ သိရသည်။
ထောက်ပံ့ငွေများအား တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့ထံ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်)တို့က စုပေါင်းလှူဒါန်းခြင်းဖြစ် ကြောင်း သိရသည်။
လှူဒါန်းရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက အရင်းမပျောက်မတည်ငွေ ကျပ်သိန်း (၁၂၅၀၀)၊ ထောက်ပံ့ငွေ ကျပ်သိန်း (၅၀၀၀)နှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌက ထောက်ပံ့ငွေကျပ်သိန်း (၅၀၀၀)ကို ပေးအပ်လှူဒါန်းထားခြင်းဖြစ်သည်။
ယခုပေးအပ်သည့် ထောက်ပံ့ငွေ ကျပ်သိန်း (၅၀၀၀)မှ ရေကြီးနစ်မြုပ်မှု ဒဏ်ခံခဲ့ရသည့် စပါးစိုက်ဧရိယာ (၇၇၇၃) ဧ ကအတွက် မျိုးစေ့တစ်တင်း၊ ရွက်ဖျန်းမြေဩဇာ၊ ပိုးသတ်ဆေးအပါအဝင် တစ်ဧကလျှင် စုစုပေါင်း (၆၄၃၂၅)ကျပ်နှုန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။
ထို့ပြင် အရင်းမပျောက် မတည်ငွေ ကျပ်သိန်းပေါင်း (၁၂၅ ၀၀)ကို မိုးစပါးသီးနှံ ထိခိုက်မှုရှိခဲ့သည့် စိုက်ခင်းများ အတွက် တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် အတိုးမဲ့ ချေးပေးရန်လျာထားပြီး မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခြင်း မရှိသော ဧရိယာများတွင် တောင်သူများ တွက်ချေကိုက်သော အခြားသီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရန် ထောက်ပံ့ငွေ ကျပ်သိန်း (၅၀၀၀) ဖြင့် စီမံပေးမည်ဖြစ်ကာ မတ်ပဲ (၂၆၉၂)ဧကနှင့် ပဲတီစိမ်း (၁၃၀၄)ဧက အတွက် တစ်ဧကလျှင် မျိုးစေ့တစ်တင်းနှုန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် ထောက်ပံ့ပေးသော အလှူရှင်အသင်းချုပ်များ၊ ကုမ္ပဏီအစုအဖွဲ့များအား ကျေး ဇူးတင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထောက်ပံ့ငွေများ လှူဒါန်းပေးသည့် အခမ်းအနားကိုအောက် တိုဘာ (၄)ရက် နံနက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တောင်သူလယ်သမားအခွင့်အရေး ကာကွ ယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
