ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း (မြောက်)ရပ်ကွက်၊ အရှေ့ကုန်းလမ်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် အုတ်တံတိုင်းဖြိုချရာမှ လုပ်သားအမျိုးသားတစ်ဦး အုတ်တံတိုင်းပိမိကာ ထိခိုက်ဒဏ်ရာများ ရခဲ့သည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်လိုက်ကြောင်း အဆိုပါရပ်ကွက်နေသူများထံမှ သိရသည်။
ထိုဖြစ်စဉ်ကို ယနေ့ အောက်တိုဘာ (၅)ရက်၊ နံနက် (၁၀)နာရီ (၁၀)မိနစ်အချိန်ခန့်က အရှေ့ကုန်းလမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဆောက်လုပ်ရေး လုပ်သားတစ်ဦး အုတ်တံတိုင်းပိမိကာ ထိခိုက်ဒဏ်ရာများရထားသည့်အတွက် ကူညီပေးရန် အကူညီ တောင်းခံချက်အရ အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နေရာအရောက် အုတ်တံတိုင်းပိမိသည့် လူနာ အမျိုးသားအား လိုအပ်သည့် ကုသမှုများပေးပြီး အနာဂတ်အလင်းတန်းပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ အခမဲ့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ (၃)ရက်၊ နံနက် (၈)နာရီ အချိန်ခန့်ကလည်း စမ်းချောင်းမြို့နယ်၊ ရန်ပြိုလမ်း၊ မာန်အောင်ဓမ္မာရုံအနီးရှိ ဆောက်လက်စတိုက် (၃)လွှာ ဆောက်လုပ်ရေးလုပ်ငန်းခွင် အလုပ်သမား အမျိုးသား (၁)ဦး ပြုတ်ကျမှု ဖြစ်ပွားခဲ့သည့် အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
