အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်ပတ်သက်ပြီး အာဆီယံ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂတို့၏ ကိုယ်စားလှယ်များနှင့် နစကအား အတိုက်အခံပြုလုပ်နေသည့်အုပ်စုများ တွေ့ဆုံပွဲကို လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။
လာမည့်သီတင်းပတ်အတွင်းပြုလုပ်မည့် ဒေသတွင်းအစည်းအဝေးမတိုင်မီ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်ပတ်သက်ပြီး သံတမန်ဆွေးနွေးပွဲများကို လက်ခံကျင်းပမည်ဟု အင်ဒိုနီးရှားနိုင်ငံရှိ ထိပ်သီးသံတမန်တစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို အောက်တိုဘာ ၃ ရက်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တွင် ပြုလုပ်မည့် ထိုဆွေးနွေးပွဲများတွင် အင်ဒိုနီးရှား၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂတို့၏ ကိုယ်စားလှယ်များနှင့် နစကအား အတိုက်အခံပြုလုပ်နေသည့်အုပ်စုများမှ အဖွဲ့ ဝင်များပါဝင်လိမ့်မည်ဟု အမည်မဖော်လိုသည့် သံတမန်တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် နစကအစိုးရ ပါဝင်မည်မဟုတ်ကြောင်း ယင်းသံတမန်က ပြောကြားသည်။
လာအိုတွင် အောက်တိုဘာ ၆ ရက်မှ ၁၁ ရက်အတွင်းပြုလုပ်မည့် အာဆီယံအစည်း အဝေးမတိုင်မီ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ပဋိပက္ခကိုဆွေးနွေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၏ ဆွေးနွေးပွဲလုပ်ငန်းစဉ်တွင်လည်း မြန်မာ့အရေးကို အဓိကထားဆွေးနွေးရန် စီစဉ်ထားသည်။
မြန်မာနိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့သည် မြန့်မာ့အရေးကို အဖြေရှာရန် သံတမန်လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ခဲ့သော်လည်း အနည်းငယ်သာ တိုးတက်မှုရှိခဲ့သည်။
ယခင် အာဆီယံအစည်းအဝေးများအတွင်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲခဲ့ကာ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ် ပိုင်တို့က နစကကတင်းကျပ်စွာ ကိုင်တွယ်ရန် တိုက်တွန်းခဲ့သည်။
ထိုင်းနိုင်ငံကလည်း ဖမ်းဆီးထိန်း သိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နစကခေါင်းဆောင်များနှင့် သီးခြားဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
မြန်မာ့တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ PDF များနှင့် စစ်မျက်နှာအများအပြားဖွင့်ပြီး ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ သံတမန်ဆွေးနွေးပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သုံးနှစ်ကျော်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လူပေါင်းသုံးသန်းကျော် အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
