ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က mpox ရောဂါအတွက် ပထမဆုံးရောဂါစစ်ဆေးသည့် ကိရိယာကို အသုံးပြုရန်အောက်တိုဘာ ၄ ရက်တွင် အတည်ပြုပေးခဲ့ပြီး ယင်းသည် mpox ရောဂါကိုတိုက်ဖျက်နေရသော နိုင်ငံများတွင် အရေးပါသောကိရိယာတစ်ခု ဖြစ်လာလိမ့်မည်ဟု သိရသည်။
အာဖရိကတစ်ဝန်းတွင် mpox ရောဂါကြောင့် သေဆုံးသူ ၈၀၀ ကျော်ရှိလာခဲ့ပြီဖြစ်ကာ အာဖရိကနိုင်ငံ ၁၆ နိုင်ငံတွင် ရောဂါကူးစက်ဖြစ်ပွားနေကြောင်း အာဖရိကသမဂ္ဂ၏ ရောဂါထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ခဲ့ သည်။
“စစ်ဆေးတဲ့ကိရိယာကို အရေးပေါ်အသုံးပြုဖို့ အတည်ပြုပေးလိုက်တာဟာ mpox ကူးစက်ဖြစ်ပွားမှုနဲ့ ကြုံတွေ့နေရပြီး လျင်မြန်ပြီး တိကျတဲ့စစ်ဆေးမှုတွေ လိုအပ်နေတဲ့နိုင်ငံတွေအတွက် ရောဂါစစ်ဆေးရှာဖွေနိုင်စွမ်း အင်အားကို တိုးချဲ့လုပ်ဆောင်တဲ့နေရာမှာအ ဓိက အရေးပါလာမှာဖြစ်ပါတယ်”ဟု WHO က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
Abbott Molecular ကုမ္ပဏီက ထုတ်လုပ်သည့် Alinity m MPXV ဟုခေါ်သော သတ္တုစမ်းသပ်ကိရိယာသည် လူသားများ၏ အနာများမှ ရယူထားသော နမူနာများမှတစ်ဆင့် mpox ကူးစက်ခံရခြင်းရှိ၊မရှိ ထောက် လှမ်းသိရှိနိုင်မည်ဖြစ်သည်။
“ပြည်တည်ဖု ဒါမှမဟုတ် အဖုငယ်နမူနာတွေကနေ DNA ကို ထောက်လှမ်းလိုက်ခြင်းဖြင့် ဓာတ်ခွဲခန်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ သံသယ mpox ဖြစ်စဉ်တွေကို ထိရောက်မှုရှိရှိ အတည်ပြုပေးနိုင်မှာဖြစ်ပါ တယ်”ဟု WHO က ပြောကြားခဲ့သည်။
“အတည်ပြု mpox ကူးစက်မှုဖြစ်စဉ်တွေမှာ အကန့်အသတ်ပဲရရှိတဲ့ စစ်ဆေးနိုင်စွမ်းနဲ့ နှောင့်နှေးကြန့်ကြာမှုတွေဟာ အာဖရိကမှာ ဆက်လက်ရှိနေပါတယ်”ဟု ၎င်းက ဆို သည်။ယင်းစစ်ဆေးသည့် ကိရိယာကို အတည်ပြုခြင်းသည် ရောဂါကူးစက်ဖြစ်ပွားနေသည့် နိုင်ငံများတွင် စစ်ဆေးနိုင်မှု စွမ်းဆောင်ရည် ကို တိုးချဲ့ရန် ထင်ရှားသော မှတ်ကျောက်တစ်ခုအဖြစ် ရှိလာသည်ဟု WHO လက်ထောက်ညွှန်ကြားရေးမှူး ချုပ် ယုကီကိုနာကာတာနီက ဆိုသည်။
“အရည်အသွေးပြည့်မီတဲ့ ဆေးဘက်ဆိုင်ရာ ထုတ်ကုန်တွေကို တိုးမြှင့်အသုံးပြုလာတာဟာ နိုင်ငံတွေအတွက် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့နဲ့ သူတို့ရဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့ WHO ရဲ့ ကြိုးပမ်းအားထုတ် မှုတွေမှာ အဓိကကျနေပါတယ်”ဟု နာကာတာနီက ပြောကြားခဲ့သည်။
ယခင်က မျောက်ကျောက်ရောဂါဟုလူ သိများခဲ့သော mpox သည် ရေကျောက်ကဲ့သို့ ဗိုင်းရပ်စ်များနှင့် တူညီသောမျိုးနွယ်စု တစ်စုထဲမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။သို့သော် ဖျားနာမှုကဲ့သို့ အပျော့စား လက္ခဏာများကိုသာ ဖြစ်ပေါ်ခံစားရနိုင်သည်။
ပြင်းထန်ဖြစ်စဉ် ခံစားရသူများတွင်မူ အရေပြားတွင် အနာများပေါက်လေ့ရှိသည်။ အာဖရိကတွင် နောက်ဆုံးအကြိမ်ဖြစ်ပွားသည့် ကူးစက်မှုဖြစ်စဉ်များတွင် သေဆုံးသူ ၈၀၀ ကျော်ရှိပြီး အများစုမှာ ကွန်ဂိုနိုင်ငံမှ ဖြစ်သည်။
mpox ရောဂါသည် ဗိုင်းရပ်စ်ကူးစက်ခံထားရသော တိရစ္ဆာန်များမှ လူသားများကို ကူးစက်နိုင်သော ရောဂါဖြစ်သည်။၂၀၂၂ခု နှစ်တွင် ကမ္ဘာတစ်ဝန်း mpox ရောဂါကူးစက် ပျံ့နှံ့ချိန်က ဗိုင်းရပ်စ်သည် အထူးသဖြင့် လိင်ဆက်ဆံမှုနှင့် ရုပ်ပိုင်းဆိုင်ရာ အနီးကပ်ထိတွေ့မှုမှတစ်ဆင့် အဓိကကူးစက်ပျံ့နှံ့ခဲ့သည်။
mpox ဗိုင်းရပ်စ်တွင် clade 1နှင့် clade 2 ဟူ၍ နှစ်မျိုးရှိကာ clade နှစ်ခုစီတွင် a နှင့်b ဟူ၍ အခွဲ clade များရှိသည်။ယင်း clade နှစ်မျိုးနှင့် အခွဲ clade များသည် မတူညီသော နေရာဒေသများတွင် ပျံ့နှံ့လျက်ရှိပြီး မတူညီသော လူဦးရေများအပေါ် သက်ရောက်မှုရှိသောကြောင့် ဒေသအလိုက် အံဝင်ခွင်ကျရှိပြီး လိုက်လျောညီထွေရှိသည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း WHO ကပြောကြားခဲ့သည်။ Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
