ရန်ကုန်မြစ်ရေသည် အောက်တိုဘာ (၁၈)ရက်မှ အောက်တိုဘာ (၂၀)ရက်အတွင်း မြင့်တက်လာနိုင်သောကြောင့် ငမိုးရိပ်ချောင်းဘေး ရေဝင်ရောက်နိုင်သော အနိမ့်ပိုင်းရပ်ကွက်များ သတိထားနေထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးပြောဆိုထားသည်။
လက်ရှိ ပဲခူးမြစ်ရေ၊ လှိုင်မြစ်ရေများမှာ ပုံမှန်ရေအမှတ်တွင် ရှိနေပြီး ငမိုးရိပ်တမံတွင်လည်း ရေပြန်ကျနေပြီဖြစ်သည့်အတွက် ငမိုးရိပ်ချောင်းဘေး အနိမ့်ပိုင်းရပ်ကွက်များမှအပ ကျန်မြို့နယ်များမှာ စိုးရိမ်စရာ မရှိကြောင်း ၎င်းက ဆိုသည်။
“မိုးရွာမယ်ဆိုရင်တောင် မိုးများနိုင်မှာ မဟုတ်ပေမယ့် TIDE -FORECAST က တင်ထားတဲ့ ရန်ကုန်မြစ်ရေ အမြင့်က အောက်တိုဘာ (၁၈) ရက်ကနေ (၂၀) ရက်အထိ (၃) ရက်အတွင်း နံနက်အစောပိုင်း အိပ်ကောင်းချိန်တွေမှာ အမြင့်ဆုံး (၂၃.၀၇) ပေအထိ ရှိနိုင်တယ်လို့ ထုတ်ပြန်ထားတာလဲရှိနေတာကြောင့် ငမိုးရိပ်ချောင်းဘေး တစ်ဖက်တစ်ချက်က ရေဝင်တတ်တဲ့ အနိမ့်ပိုင်းရပ်ကွက်တွေကတော့ အောက်တိုဘာလ (၁၇) ရက်မှ (၂၁) ရက်အထိ သတိထားကြရပါဦးမယ်” ဟု ဦးဝင်းနိုင်က ဆိုသည်။
ထို့ပြင် ယခင်ရက်များကလည်း ရန်ကုန်မြစ်ထဲ ထူးကဲဒီရေမြင့်တက်နိုင်မည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ အသိပေးကြေညာထားကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
