ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ကျေးရွာများတွင် ရေကြီးရေလျှံနေမှုသည် ရက်သတ္တပတ် (၄)ပတ်ခန့် ကြာမြင့်လာပြီဖြစ်ကာ ရေနစ်မြုပ်နေသည့်ရွာ (၁၇၀) နီးပါးတွင်လည်း ရေအနည်းငယ်သာ ပြန်ကျသေးကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ (၁၀) ရက်က စတင်ခဲ့သည့် ရေကြီးမှုသည် အင်းလေးဒေသ ရေပြင်နှင့် ထိစပ်နေသည့် ကျေးရွာ (၁၇၀) နီးပါးတွင် ဖြစ်ပွားနေခြင်းဖြစ်ကာ လက်ရှိအထိ ရေဘေးဒုက္ခကို ကြုံတွေ့နေရဆဲ ဖြစ်သည်။
“ရေကတော့ (၃)ပေလောက်ပဲကျတယ်။အိမ်တွေမြုပ်တုန်း၊ အလှူရှင်တွေလာပေမယ့် အလှူရှင်တွေ မရောက်တဲ့ ရွာတွေလည်းရှိနေတယ်” ဟု ကူညီရေးလုပ်ဆောင်ကာ ပြန်လာခဲ့သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ရေကြီးမှုကြောင့် အင်းလေးကန်ရှိ နေအိမ်များပျက်စီးနေသလို လျှပ်စစ်မီးတိုင်လဲကျခြင်း၊ လယ်ယာစိုက်ခင်းများ၊ ယက်ကန်းလုပ်ငန်းခွင်များလည်း ပျက်စီး၍ ရပ်ဆိုင်းထားရမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
လက်ရှိတွင် ရေကြီးရေလျှံမှုကြောင့် ဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပူဇော်ပွဲကိုလည်း မကျင်းပဖြစ်တော့ကြောင်းလည်း သိရသည်။
အင်းလေးတွင် ရေအများဆုံးတက်ခဲ့သည့် အချိန်သည် ၁၉၉၂ ခုနှစ်ကဖြစ်ပြီး ယခုနှစ် ၂၀၂၄ ခုနှစ်တွင် တက်သည့် ရေပမာဏသည် ၁၉၉၂ ခုနှစ်ကထက် ပိုများကြောင်း ဒေသခံများ၏ပြောကြားမှုအရ သိရသည်။








-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
