ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး -တာချီလိတ်လမ်းပေါ်ရှိ နမ့်စန်မြို့တွင် ယမန်နေ့ အောက်တိုဘာ (၄)ရက် နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ယနေ့ အောက်တိုဘာ(၅)ရက် နံနက် (၉)နာရီအချိန်တွင် ရေကြီးရေလျှံဖြစ်ပွားလာခြင်းကြောင့် ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
လက်ရှိတွင် နမ့်စန်မြို့အနိမ့်ပိုင်းရပ်ကွက်ရှိ အဆောက်အအုံများအတွင်း ရေ(၅)ပေခန့်အထိဝင်ရောက်နေပြီး၊ မြို့တွင်းလမ်းမများပေါ်တွင် သွားလာ၍မရသည်အထိ ရေနစ်မြုပ်နေကြောင်းနှင့် ဒေသခံများအမြင့်ပိုင်းရပ်ကွက်ရှိ ဘာသာရေး အဆောက်အအုံများနှင့် နေအိမ်အချို့တွင် ယာယီခိုလှုံနေရကြောင်း သိရသည်။
“ကားရော ဆိုင်ကယ်ရောဘာမှသွားလို့မရတော့ဘူး။ ကုန်းမြင့်က နီးစပ်ရာနေရာတွေမှာနေနေရတယ်။ ပထမရေတက်ပြီးလို့ ကျတာမှမကြာသေးဘူး အခုပြန်တက်တာ။ အခု လက်ရှိရေက တန့်နေတယ်။ ကယ်ဆယ်ရေးအကူအညီတွေအဓိက လိုအပ်နေတာကို တွေ့ရတယ်” ဟု အဆိုပါ ဒေသသို့ ရောက်ရှိနေသည့် ခရီးသွားတစ်ဦးက ပြောသည်။
နန့်စန်မြို့တွင် စက်တင်ဘာလအတွင်းမိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့သေးပြီး ယခု ရေကြီးရေလျှံမှုသည် ဒုတိယအကြိမ် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
နမ့်စန်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနမ့်စန်ခရိုင်အတွင်း အုပ်ချုပ်မှု ရုံးများစိုက်ရာမြို့တစ်မြို့ဖြစ်ပြီး တောင်ကြီးမြို့နှင့် (၇၂) မိုင်ခန့် ကွာဝေးသည်။
ဓာတ်ပုံ-CJ


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
