ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉) ရပ်ကွက်တွင် အမျိုးသမီးတစ်ဦး အခန်းထဲ၌ ဓာတ်လိုက်ေ-သဆုံးခဲ့ကြောင်း လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းထံမှ သိရသည်။
ယနေ့ အောက်တိုဘာ ၅ ရက်မွန်းတည့် ၁၂ နာရီခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက် ၏ နေအိမ်လိုင်းခန်းတစ်ခု၏ အခန်းတစ်ခန်းအတွင်း၌ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး ဓာတ်လိုက်ေ-သဆုံးနေကြောင်း သတင်းအရ လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ သယ်ယူရန်သွားရောက်ခဲ့ကြကြောင်း သိရသည်။
” အဲဒီရပ်ကွက်က တာဝန်ရှိသူတွေက အမျိုးသမီးတစ်ယောက် ဓာတ်လိုက်ေ-သဆုံးနေတာကြောင့် လာသယ်ပေးဖို့ ကျွန်တော်တို့အသင်းကိုဖုန်းဆက်ခဲ့တာပါ။ ဘယ်အချိန်ထဲကဖြစ်နေတယ်ဆိုတာမသိပါဘူး။ အဲဒီအမျိုးသမီးက သူတို့နေတဲ့အခန်းထဲမှာ မီးဘုတ်ကိုင်ပြီးလဲကျေ-သဆုံးနေတာပါ။ သူ့အမျိုးသားက နယ်မှာအလုပ်သွားလုပ်နေတယ်။ နောက်ပြီး အသက်(၆)နှစ်လောက်ဘဲရှိသေးတဲ့သူ့သမီးက သူ့အဘွားနဲ့သွားအိပ်နေတာလို့သိရပါတယ်။ အခင်းဖြစ်တဲ့အချိန်က သူတစ်ယောက်ထဲပါ”ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်မှ ေ-သဆုံးသူအမျိုးသမီး၏ ရုပ်အလေ-ာင်းအား လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှသယ်ယူ၍ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ PR-29 ဖြင့်အပ်နှံပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
