ဂျပန်နိုင်ငံတွင် ပြည်တွင်းသုံး စာတိုက် တံဆိပ်ခေါင်းတန်ဖိုးကို တိုးမြှင့်သည့်အတွက် သံရုံးသို့ပေးပို့မည့် စာအိတ်အမျိုးအစားပေါ်မူတည်၍ ညီမျှသော စာအိတ်တံဆိပ်ခေါင်းများ အသုံးပြုရန်လိုကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး(တိုကျို)က ယမန်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသည့်ကိစ္စ ၊ ဝင်ငွေခွန်ကိစ္စနှင့်ထောက်ခံစာကိစ္စရပ်များအတွက် မြန်မာသံရုံးသို့ စာတိုက်မှတစ်ဆင့်ဖြစ်စေ ၊ လူကိုယ်တိုင် သံရုံး၌ လာရောက်လျှောက်ထားပြီး စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ရန် လျှောက်ထားခဲ့သူများအား ထိုသို့ အသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။
“အခုဂျပန်မှာက တံဆိပ်ခေါင်းဈေးတွေတက်သွားတာမို့ သံရုံးမှာ ပတ်စပို့သက်တမ်းတိုးထားတဲ့သူတွေ စာအုပ်ရလာလို့ လျှောက်ထားတဲ့သူဆီ သံရုံးဘက်ကစာတိုက်ကနေ ပြန်ပို့ရင် ဈေးနှုန်းကအရင်လိုမရတော့တာကို ဆိုလိုတာပါ။”ဟု ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
အဆိုပါ ကိစ္စရပ်များအတွက် ယခင်က သံရုံးသို့ ပေးပို့လျှောက်ထားခဲ့သည့် စာအိတ်အမျိုးအစားအပေါ်မူတည်၍ ယန်း (၅၂၀) တန် စာအိတ်ဖြင့်ပေးပို့ထားပါက ယန်း (၈၀) တန်တံဆိပ်ခေါင်းတစ်ခု ( သို့ ) ယန်း (၈၀) နှင့် ညီမျှသည့် တံဆိပ် ခေါင်းများ ၊ ယန်း (၃၇၀) တန် စာအိတ်ဖြင့် ပေးပို့ထားပါက ယန်း (၆၀) နှင့် ညီမျှသည့် တံဆိပ်ခေါင်း ( သို့ ) ယန်း (၆၀) နှင့်ညီမျှသည့် တံဆိပ်ခေါင်းများဖြင့် ထပ်မံပေးဆောင်ရန် အကြောင်းကြားထားခြင်းဖြစ်သည်။
ထို့အပြင် ဂျပန်နိုင်ငံ၏ စာတိုက်တံဆိပ်ခေါင်း တိုးမြှင့်ဈေးနှုန်း သတ်မှတ်ချက်အရ စာတိုက်မှတစ်ဆင့် သံရုံးကို ပေးပို့လျှောက်ထားသူများအနေဖြင့် ယန်း (၆၀၀) တန် စာအိတ်တံဆိပ်ခေါင်းဖြင့် ပေးပို့လျှောက်ထားရန် လိုအပ်ပြီး ထိုသို့လျှောက်ထားခြင်းမရှိပါက အဆိုပါ စာအိတ်များသည် ပေးပို့သူ ကာယကံရှင်ဆီကို ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယခုလ အောက်တိုဘာလ (၁) ရက်မှစတင်၍ ဂျပန်နိုင်ငံ၏ ပြည်တွင်းသုံး စာတိုက်တံဆိပ်ခေါင်းတန်ဖိုးကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
