အိမ်ခြံမြေနှင့် ကားများကို အထူးလျှော့ဈေးဖြင့် ရောင်းချသွားမည့် (၁၆) ကြိမ်မြောက် အိမ်ခြံမြေနှင့် ကား အရောင်းပြပွဲကို ရန်ကုန်မြို့ရှိ Lotte Hotel ၌ ယနေ့ အောက်တိုဘာ (၅) ရက်မှစတင်ကာ (၂)ရက်တိုင်တိုင် ကျင်းပနေကြောင်း သိရသည်။
အဆိုပါ အိမ်ခြံမြေနှင့် ကား အရောင်းပြပွဲအား i-Myanmar House နှင့် CARSDB တို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး စုစုပေါင်း အရောင်းပြခန်း (၃၀)ကျော်ပါဝင်ကြောင်း သိရသည်။
” လာရောက်ကြည့်ရှု့တဲ့သူတွေအနေနဲ့ အိမ်၊ ခြံ၊ မြေ၊ကားတွေကို အထူးဈေးနှုန်းများ အရစ်ကျစနစ်များနဲ့ စီစဉ်ရောင်းချပေးမှာဖြစ်တဲ့အတွက် အများကြီးအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်” ဟု i-Myanmar House ၏ CEO ဦးနေမင်းသူက ပြောသည်။
အဆိုပါ ပြပွဲ၌ တိုက်ခန်း၊ ကွန်ဒို၊ မြေကွက်၊ မော်တော်ကားများ၊ အရစ်ကျဝယ်ယူနိုင်ရန် ချိတ်ဆက်ထားသည့် ဘဏ်များ၏ ပြခန်းများလည်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မွန်ပြည်နယ်တို့မှ မြေကွက်များ၊ ရန်ကုန်မြို့ရှိ အဆင့်မြင့်ကွန်ဒိုနှင့် တိုက်ခန်းများကို ယင်းပြပွဲ၌ လာရောက်ပြသထားပြီး အမျိုးအစားအပေါ်မူတည်ကာ (၁၅) ရာခိုင်နှုန်းဝန်းကျင် ဈေးနှုန်းလျှော့ချ ရောင်းချပေးနေကြောင်းလည်း သိရသည်။







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
