ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင်တွင် မိုးဆက်လက်ရွာသွန်းနေသောကြောင့် အောက်တိုဘာ ၄ ရက်နံနက်ခင်းအချိန်တွင် ချင်းမိုင်မြို့လယ်ခေါင်၌ ရေကြီးရေလျှံမှု အန္တရာယ်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဆင်အကောင်ရေ ၁၀၀ ခန့်နှင့် ပိတ်မိနေသော ခရီးသွားဒါဇင်ချီကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ပင်းမြစ်တွင် ဆည်ကျိုးပေါက်ခဲ့ပြီးနောက် ချင်းမိုင်မြို့တွင် အောက်တိုဘာ ၃ ရက်နေ့လယ်ခင်းအချိန်၌ ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့သည်။
အောက်တိုဘာ ၃ ရက်နောက်ပိုင်း ချာရွမ်ပရာသက်နှင့် ချန်ခလမ်လမ်းများနှင့် ဖာဖရောင်နော့ဒ်ရပ်ကွက်တို့တွင် ရေသည် တစ်မီတာအထိ မြင့်တက်နေသည်။
ချင်းမိုင်မြို့အနီး သဘာဝဆင်စခန်းတစ်ခုတွင် အောက်တိုဘာ ၃ ရက်က ရေကြီးရေလျှံမှုကြောင့် ဆင်အကောင်ရေ ၁၀၀ ခန့်နှင့် ပိတ်မိနေသော ခရီးသွားဒါဇင်ချီကိုဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြသည်။
အောက်တိုဘာ ၃ ရက် ညအချိန်တွင် ဆင်များကို အနီးအနားရှိတောင်တန်းတစ်ခုတွင် ယာယီထိန်းသိမ်းထားခဲ့ပြီး အန္တရာယ်မရှိတော့ကြောင်းဆင်စခန်း တည်ထောင်သူဆန်ဒူရန်း လက်ချိုင်လာ့တ်က ပြောကြားခဲ့သည်။
■Ref: The Star
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
