မန္တလေးတိုင်း၊ ငါန်းဇွန်မြို့၊ မန္တလေး-မြို့သာစက် မှုဥယျာဉ်မြို့တော်ရှိ မြန်မာ-တရုတ်ဖက်စပ်လုပ်ကိုင်သည့် ဘီစကစ်စက်ရုံဓ-ားပြတိုက်ခံရပြီး ငွေကျပ်သိန်း(၃၀၀)နှင့်ကားတစ်စီးကို လုယက်ယူဆောင်သွားခဲ့မှု ယနေ့ အောက်တိုဘာ ၅ ရက်နံနက် ၇ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
အမည်မသိ အမျိုးသား(၅)ဦးသည် ေ-သနတ်များကိုင်ဆောင်ကာ ဆိုင်ကယ်များဖြင့် ငါန်းဇွန်မြို့၊ မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်ရှိ တရုတ်- မြန်မာဖက်စပ်လုပ်ကိုင်သည့် Myanmar Ding Wang ဘီစကစ်စက်ရုံအတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်လာပြီးနောက် စက်ရုံဝန်ထမ်းများအား ေ-သနတ်ပြခြိမ်းခြောက်၍ မှောက်လျက်နေခိုင်းကာ စက်ရုံမန်နေဂျာရုံးခန်းအတွင်းရှိ ဝန်ထမ်းများအားပေးချေမည့် လစာငွေကျပ်သိန်း(၃၀၀)ခန့်နှင့် Honda Fit ကားတစ်စီးတို့ကို လုယက်ယူဆောင်ပြီးနောက် မြင်းခြံမြို့နယ်ဘက်သို့ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
