နိုင်ငံတော်အတွက် အရည်အသွေးပြည့်ဝသည့် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးရေးတွင် ဆရာသည်သာ အခရာဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၅ ရက်တွင်ကျရောက်သည့်
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ၌ထည့်သွင်းပြောကြားခဲ့သည်။
၎င်းက ဆရာတို့၏ အဓိကတာဝန်မှာ ကာယ၊ ဉာဏ၊ စာရိတ္တဆိုင်ရာ ဘက်စုံကျွမ်းကျင်သော စနစ်သစ်ပညာရေးအလျင်အမြန်အောင်မြင်စေရန်ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် နိုင်ငံ့လူ့အဖွဲ့အစည်း၏ မျိုးဆက်တိုင်း တော်သလောက်ကောင်းစေရန် လေ့ကျင့်ပေးနိုင်သည့်လူတန်းစားမှာ ဆရာများသာဖြစ်သည်ဟု ပြောသည်။
” လူသားမျိုးဆက်ကို ထက်မြက်အောင်လေ့ကျင့်ပေးပြီး အဖွဲ့အစည်းကို မြင့်မားစေဖို့၊ ငြိမ်းချမ်းစေဖို့ လုပ်ဆောင်နေကြသူတွေကလည်း ဆရာတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အစဉ်တိုးတက်ပြောင်းလဲနေတဲ့ ပညာခေတ်မှာ ဆရာဟာ မိမိနိုင်ငံသားတွေ ပညာရည်မြင့်မားရေး၊ နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်ရေးအတွက် ခေတ်မီအတတ်ပညာတွေ နည်းပညာတွေကို အစဉ်လေ့လာဆည်းပူးဖြည့်ဆည်းနေကြရပါမယ်”ဟု တိုက်တွန်းသည်။
ထို့အတူ နိုင်ငံ၏ အမျိုးသားရေးတာဝန်များကိုလည်း တပည့်များကိုသွန်သင်ညွှန်ပြပေးရမည်ဟု ပြောသည်။
မြန်မာနိုင်ငံအား ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည် ထောင်စုကိုတည်ဆောက်လျက်ရှိ၍ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် ပင်ကိုအရည်အချင်း၊ စွမ်းရည်များပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရှင်သန်အားကောင်းနေရန်လိုအပ်သည်ဟု ပြောသည်။
ထို့ကြောင့် ဆရာ၊ဆရာမများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော နိုင်ငံ့အကျိုးသယ်ပိုးကြမည့် အနာဂတ်နိုင်ငံ့သားကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးကြရန် နစက ဥက္ကဋ္ဌက တိုက်တွန်းမှာကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
