ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ မိုင်းကိုင်-နမ့်လန်သွားကားလမ်းပေါ်ရှိ ဆားတောတံတားသည် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ချောင်းရေစီးဆင်းမှုကြောင့် ရေတိုက်စားကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံ မှ သိရသည်။
ဆားတောတံတား၏ ချဉ်းကပ်လမ်းနှင့်တံတားအနည်းငယ်ပျက်စီးသွားသဖြင့် ကားများ၊ ဆိုင်ကယ်များ၊ လူများဖြတ်သန်းသွားလာ၍မရသဖြင့် မိုင်းကိုင်မြို့နယ်လမ်းဦးစီးဌာနမှ အမြန်ဆုံးပြန်လည်ဖြတ်သန်းသွားလာနိုင်ရန်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
” ရေတိုက်စားတဲ့အရှိန်နဲ့တံတားကပျက်စီးသွားတာကို အမြန်ပြင်ဆင်ခဲ့ကြတဲ့အတွက် ဒီနေ့မှာပြန်ပြီးဖြတ်သန်းလို့ရသွားပြီ။ ဒီ ဆားတောတံတားက ရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်း ကုန်စည်ကူးသန်းရောင်းဝယ်ရာမှာ အရေးပါတဲ့တံတားတစ်စင်းပါ”ဟု ဒေသခံတစ်ဦးကပြောသည်။
မိုင်းကိုင်မြို့နယ်လမ်းဦးစီးဌာနမှ ပျက်စီးသွားသည့် ဆားတောတံတားအား အမြန်ဆုံးပြန်လည်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြသဖြင့် ယနေ့ အောက်တိုဘာ ၅ ရက်တွင် ပြင်ဆင်ပြီးဖြစ်၍ ကားလေးများနှင့်ဆိုင်ကယ်များကို ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
